ကျွန်မ - " လှလိုက်တာ အသန့်လေးရယ်..."

သန့် - " မမလောက်တော့ ဘယ်လှပါ့မလဲနော်..."

ကျွန်မ - " မဟုတ်တာ... အသန့်လေးဆို ခန္ဓာကိုယ်လေးရော မျက်လုံး မျက်ခုံးရော၊ နှုတ်ခမ်းရော အပြစ်ပြောစရာ မရှိဘူး မမက အဲ့လို ထူးထူးခြားခြား လှတာမျိုး မရှိဘူး... "

သန့် - " အသန့်လေး မျက်လုံးထဲတော့ မထူးခြားတာလေးကပဲ ကြည့်ရတာအဆင်ပြေနေတယ်"

ကျွန်မ - " မြှောက်ပြောနေပြန်ပါပြီ... "

ကျွန်မတို့ နှစ်ယောက်လုံးရယ်မိသည်။ ထိုနေ့က ကျွန်မတို့ အတွက် နောက်ဆုံးနေ့ဟု သတ်မှတ်ကာ နှစ်ယောက်လုံး စိတ်မကြည်သဖြင့် ယခင်ကဲ့သို့ တပူးပူးသိပ်မရှိတော့ချေ။

ထိုနေ့ညနေ မြောင်းမြပြန်ရောက်သော် ကျွန်မဆင်းမည့် နေရာမှာ သန့်ထက်စောလေသည်။ အဝေးပြေးကွင်း ကျော်လာသည်နှင့် ပစ္စည်းများသိမ်းနေသောကြောင့် သန့်ကို နှုတ်မဆက်မိပေ။  ကျွန်မ က သန့်ကိုကားပေါ်မှ ဆင်းခါနီး လှည့်ကြည့်ရာ သန့်သည် မျက်လုံးမှိတ်၍ နားကြပ်တပ်ထားလေသဖြင့် ကျွန်မ စိတ်ထဲမှသာ တိတ်တဆိတ် နှုတ်ဆက်မိလေသည်။

..............

သန့် Fb acc သို့ ဝင်ကြည့်ရာလည်း active မဖြစ်သည်မှာ ခရီးက ပြန်လာပြီးကတည်းကပင်။ သန့်၏ ဖုန်းနံပါတ်ကို အကြိမ်ကြိမ်ခေါ်ဆိုရန် ကြိုးစားသော်လည်း မဆက်ရဲခဲ့ပေ။

တစ်ရက် ကျွန်မ Fb သုံးရင်း Thant Kyal Sin ဟူသော acc မှ Friend request တက်လာလေသည်။  ကျွန်မ ထို acc ကို ကြည့်ရင်း အတိုင်းမသိ ပျော်မြူးခဲ့ရပါသည်။ အလျင်အမြန်ပင် လက်ခံလိုက်ကာ ထို acc သို့ စကားသွားပြောခဲ့သည်။

ကျွန်မ - " Hi ညီမလေး... acc က မသုံးတော့ဘူးလား"

သန့် - " အဲ့တုန်းက ဒီ acc ကို ခဏဖျက်ထားတာမို့ အဲ့သည့် acc နဲ့ သုံးနေတာ... အဲ့ဒါကြောင့် အဲ့ကနေ ပုံတောင် မတင်ဘူးလေ..."

ကျွန်မ - " ဪ... အဲ့လိုလား..."

သန့် - " ဟုတ်..."

The Rope (Own Creation)Место, где живут истории. Откройте их для себя