နှုတ်ခမ်းလေး စူကာပြောရင်း ကျွန်မကို မော့ကြည့်လာရာ ကျွန်မနှင့် အကြည့်ချင်း ဆုံသွားလေသည်။
ကျွန်မ - " အရင်ကဆို ပုံမှန်ပါပဲ အခုမှ မြန်လာတာ..."
သန့် - " ဟင်... ဒါဆို ဆေးခန်း ပြကြည့်ဦး... မပေါ့နဲ့ တစ်ခုခု ဖြစ်နေပါဦးမယ်..."
အပေါ်နှုတ်ခမ်း အောက်နှုတ်ခမ်းထက် အပေါ်နှုတ်ခမ်း အနည်းငယ်ပိုထူသည့် သန့်၏ နှုတ်ခမ်းလေးကို လှသည်ဟု ဆိုရပေမည်။
ကျွန်မ ထိုနှုတ်ခမ်းလေးကို စိုက်ကြည့်မိရင်း ရင်ထဲ ပူလောင်စွာ ခံစားလာရသည်။ Lip blam အမြဲ သုံးသောကြောင့် ထင်သည်။ သန့်၏ နှုတ်ခမ်းလေးက ခြောက်သွေ့မှု မရှိ ချောမွတ် ညီညာလှပနေလေသည်။
သန့်၏ မေးစေ့ကို ကျွန်မ ဆွဲ၍မော့လိုက်ပြီး ကျွန်မ နှုတ်ခမ်းဖြင့် ထိကပ်လိုက်ရာ သန့်က ကျွန်မကို အံ့သြစွာ ငေးကြည့်ရင်း ငြိမ်နေ၏။ ကျွန်မလည်း သန့် စိတ်အနှောင့်အယှက် ဖြစ်သွားမည်ကို စိုးရိမ်ကာ နောက်သို့ ဆုတ်လိုက်သည်နှင့် သန့်က ကျွန်မမျက်နှာကို လက်ဖြင့်ကိုင်ကာ နှုတ်ခမ်းသားနှစ်ခုကို ပြန်၍ထိကပ်လိုက်လေသည်။
ကျွန်မ၏ နှုတ်ခမ်းကို စတင်လှုပ်ရှားလိုက်လေရာ သန့်က နှုတ်ခမ်းပါးနှစ်လွှာကို အလိုက်သင့် ဖွင့်ဟပေးလေ၏။
................
သန့် - " မမ ဘာတွေ တွေးနေတာလဲ... အသန့်လေး ပြောတာ ကြားရဲ့လား..."
ကျွန်မ - " ဟင်... ဘာပြောတာလဲ... "
သန့်က ကျွန်မ၏ နံဘေး တင်ပလ္လင်ခွေထိုင်လျက်ပင်။ ယခုမှ ကျွန်မ အသိစိတ်ပြန်ဝင်လာက သန့်အပေါ် စိတ်ဖြင့် ပြစ်မှားမိပုံကို တွေးမိပြီး ရယ်ကျဲကျဲ ဖြစ်သွားလေသည်။
သန့် - " ဟော... ဘာဖြစ်ရပြန်တာတုန်း... ခုနလည်း အသန့်လေးကို ပြုံးပြုံးကြီး စိုက်ကြည့်နေတယ်... မေးတာကိုလည်း မဖြေဘူး..."
ကျွန်မ - " ဟုတ်လား ... အတွေးနည်းနည်းလွန်သွားတာ... ကိုယ့်ကိုယ်ကို သတိမထားမိဘူး... ရေသွားချိုးလိုက်ဦးမယ်နော်..."
YOU ARE READING
The Rope (Own Creation)
Teen FictionAs my own style, I rated this story as 13 yrs old & above. (Zawgyi) တချို့သော ကြိုးတွေက မထုံးနိုင်ပေမယ့်လည်း ရုန်းနိုင်ခဲတယ်လေ... Summary အလွန်ထက်မြက်တဲ့ သန့်ကြယ်စင်ဆိုသော မိန်းကလေး ရည်းစားဟောင်းနှင့် ပြဿနာတက်ကာ စိတ်ပြေလက်ပျောက် ခရီးထွက်လာရင်း သန္တာ...
Part 3
Start from the beginning
