ကျွန်မ - " ဘာလို့လဲ... ဒီလိုခေါ်တာ မကြိုက်လို့လားဟင်..."

သန့် - " မဟုတ်ပါဘူး... အမြဲ ညီမလေး ညီမလေး ပဲ ခေါ်နေကျမို့လို့လေ..."

ကျွန်မ ပြုံးလိုက်မိသည်။ သည်ကလေးမ သည်လောက် ချစ်စရာကောင်းဖို့ လိုလို့လား...

ကျွန်မ လှဲနေရင်းပင် သန့်၏ခါးကို လှမ်းဖက်လိုက်သည်။
သန့်က လက်ထဲမှ ဖုန်းကို ချကာ ကျွန်မကို ငုံ့ကြည့်လာလေသည်။

ကျွန်မ ပြုံးလိုက်တော့ သူမက ပြန်ပြုံးပြကာ

သန့် - " ရေသွားချိုးတော့လေ... ပြီးရင် တစ်ခုခုသွားစားပြီး ဘုရားပေါ်တက်ရအောင်လေနော်..."

ကျွန်မ - " အင်း... ခဏလေး လှဲချင်နေသေးလို့ပါ...  အသန့်လေး လည်း ခဏလှဲလေ...ခုန ပြောတော့ ငြီးစီစီ ဖြစ်နေတယ် ဆို..."

သန့်က ခေါင်းငြိမ့်ကာ သူမခါးကို ဖက်ထားသော ကျွန်မ၏ လက်ကို ဖယ်လိုက်ပြီး ကျွန်မဘေးနားလှဲအိပ်လိုက်သည်။

ကျွန်မ - " ခဏလေး...  ဒီမှာအိပ်..."

ဟုဆိုကာ ကျွန်မ လက်မောင်းကို ဆန့်ပေးလိုက်လေသည်။

သန့် - " မမ လက်နာမှာပေါ့... အသန့်လေးက ဒီအတိုင်းလည်း အိပ်တတ်ပါတယ်..."

ကျွန်မ - " ဟင့်အင်း... ရတယ်... ဒီနားလာ..."

သန့်က ခေါင်းငြိမ့်ကာ ကျွန်မလက်မောင်းပေါ် ခေါင်းအုံး၍ အိပ်နေလေ၏။ ကျွန်မက သန့်ဘက်သို့ လှည့်ကာ သန့်၏ ခါးကိုဖက်လိုက်လေလျှင် သန့်ကလည်း ကျွန်မဘက် လှည့်လာကာ ကျွန်မ ကျောကို ဖက်တွယ်၍ ကျွန်မရင်ခွင်ထဲ မှီကာ အိပ်နေလေသည်။

ကျွန်မ ရင်ခွင်ထဲ ခေါင်းတိုးဝင်နေသော ကလေးမလေးကို ငုံ့ကြည့်ရင်း ကျွန်မ ရင်ခုန်သံတွေ မြန်လာလေသည်။

သန့် - " မမ နှလုံးခုန်သံက မြန်လိုက်တာ... အသန့်လေး ကျတော့ သာမန်ထက် နှေးလွန်းလို့ တစ်ခါတစ်ခါ ဆေးသောက်ရတဲ့ အထိပဲ..."

The Rope (Own Creation)Where stories live. Discover now