သန့် - " ဟင်... သိနေခဲ့တာပေါ့... ရှက်စရာကြီး... "

ကျွန်မ - " အခုမှ လာရှက်နေတယ်... နမ်းတုန်းက နမ်းပြီး "

ကျွန်မ - " ချစ်တယ် ညီမလေး... "

သန့် - " ညီမလေး ညီမလေးနဲ့ မခေါ်ပါနဲ့တော့လား မမရယ်"

ကျွန်မ - " ဒါဆို ဘယ်လိုခေါ်ရမှာလဲ..."

သန့် - " မသိဘူး မသိဘူး... "

သန့် - " လာမမေးနဲ့... "

သန့် - " ဒါပဲ... အိပ်တော့မယ်...ဟွန့်..."

ထိုနေ့က ကျွန်မ  အပျော်ခဲ့ရဆုံးနေ့ပင်။ တစ်ညလုံး စာများကို စီကာစဉ်ကာ ဖတ်ရင်း အပျော်လွန်ခဲ့ရသည်။
......................

(Unicode )

ဘားအံမှ အပြန်တွင် သထုံသို့ ဝင်ပြီးနောက် ကျွန်မတို့ ခရီးစဉ်၏ နောက်ဆုံးတစ်ရက်ကို ကျိုက်ထီးရိုး၌ ညအိပ်ကြလေသည်။

ကျွန်မနှင့် သန့်က ရင်ပြင်တော်အနီး၌ပင် အခန်းမရမက ရအောင်ရှာ၍ တည်းလေသည်။ အခန်း အဆင်ပြေသော် အနီးနားပတ်၍ လမ်းလျှောက်ကြလေသည်။

သန့် - " မမ ရေမိုးချိုးပြီး ညကျရင် ရင်ပြင်တော်ပေါ်မှာ အေးအေးဆေးဆေး ဘုရားရှိခိုး ရအောင်နော်... အသန့်လေး ပုတီးစိပ်ချင်လို့ လိုက်စောင့်ပေးနော်..."

ကျွန်မ - " အင်း...ညီမလေး... "

ဒီနေ့ညပြီးလို့ မနက်ဖြန် မြောင်းမြကို ပြန်ရင်ဘယ်တော့မှ ပြန်တွေ့ရပါ့မလဲ ဟူသော အတွေးတို့က ကြီးစိုး လာလေသည်။

ကျွန်မတို့ အပြင်ထွက်ကာ လက်ဆောင်ပေးရန် ပစ္စည်းများဝယ်ခဲ့ကြပြီး အခန်းသို့ ပြန်ခဲ့ကြလေသည်။

သန့် - " အသန့်လေး ရေအရင်ချိုးလိုက်မယ်နော်... ငြီးစီစီ ဖြစ်နေလို့..."

ကျွန်မ - " အင်း... ရတယ်... ညီမလေး အေးဆေးချိုး... မကြီး ခဏလှဲဦးမယ်..."

ဒီရက်ပိုင်း အတွင်း သတိပြုမိသလောက် သန့်က အလှကြိုက်သည်။ မာနကြီးသည်။ အသန့်အပြန့် ကြိုက်လွန်း၍ ဇီဇာကြောင်သည် ဟုပင် ဆိုနိုင်သည်။

ပျော်ပျော်နေတတ်သည်။ စကားမပြောလျှင်လည်း မပြော။ ပြောလျှင်လည်း စကားအလွန်တတ်သည်။ စကားလုံး လှလှလေးများဖြင့် တစ်ဖက်လူ သဘောကျအောင် ပြောတတ်သည်။

The Rope (Own Creation)Where stories live. Discover now