တတိယဖူးမြော်သည့် ရှင်တောက်ထိန်ဘုရားသည်လည်း ကားကို မုခ်ဦး၌သာ ထားခဲ့ရကာ လမ်းလျှောက်၍ တက်ရလေသည်။ တစ်လမ်းလုံး ရောက်တတ်ရာရာ စကားများ ပြောလာကြလေ၏။
ကျွန်မ - " ညီမလေးက ဆယ်တန်းဖြေထားတာလား..."
သန့် - " ဟုတ်တယ် ... "
ကျွန်မ - " ဘယ်ကျောင်းကနေ ဖြေတာလဲ..."
သန့် - " မဟာ ကနေဖြေတာ ... ဒါပေမယ့် တကယ်က အိမ်မှာပဲ စာခေါ်သင်တာပါ... ကျောင်းမှာ မြန်မာ၊ အင်္ဂလိပ် နှစ်ချိန်ပဲ တက်တာ... သချၤာကနေ Bio ထိ အိမ်မှာ ခေါ်သင်တာ..."
ကျွန်မ - " ဪ... မဟာ ဆိုတာ ၁၀လမ်းထဲက မဟုတ်လား... အဲ့ကနေ မကြီးရဲ့ cousin တစ်ယောက် ဖြေထားတယ်... နှင်းပန်းအိမ် ဆိုတာလေ... သိလား သူ့ကို "
သန့် - " ဪ... သူက မမရဲ့ Cousin လား... သိတာပေါ့ တစ်ချိန်တုန်းက အချစ်ဆုံးသူငယ်ချင်းကြီးကို..."
သန့်က ပြုံး၍ ပြောလေသည်။
လမ်း၌ ဈေးဆိုင်လေးများတွင် မုန့်များ ဝင်ဝယ်နေကြရာ ဘုရားပေါ်ရောက်ပြီး အမြန် ဘုရားရှိခိုး၍ ပြန်ဆင်းခဲ့ကြလေသည်။
ထိုမှအပြန် မောင်းမကန် ကမ်းခြေသို့ ဝင်ကြရာ...
သန့်က ကမ်းခြေရှိ စားသောက်ဆိုင်တစ်ခု၌ ထိုင်၍ ကင်မရာထဲမှ ပုံများကို ကူးနေလေသည်။
ကျွန်မ - " ညီမလေး ရေမကစားဘူးလား..."
သန့် - " ဟင့်အင်း... အင်္ကီျအပိုမှ မပါတာ..."
ကျွန်မ - " မောင်းမကန် အမှတ်တရအကျႌဝယ်ဝတ်လို့ ရတာပဲ..."
သန့် - " တော်ပါပြီ မမရယ်... နေပူသေးတယ် မဆော့ချင်တော့ပါဘူး... စက်စဲ ရောက်ဦးမှာပဲကို... အဲ့တော့မှပဲ ဆော့တော့မယ်... "
သန့် - " ဒါနဲ့... မနက်က အန်တီမြက မမကို ဆရာမလို့ ခေါ်လိုက်သလားလို့ မမက ဆရာမလား"
ကျွန်မ - " ဟုတ်တယ်... အထက်တန်းပြ"
သန့် - " ဪ... ဘယ်ကျောင်းမှာလဲ... "
ကျွန်မ - " လူတော်မှာ..."
သန့် - " လူတော်? ? ?"
ကျွန်မ - " အင်း မြောင်းမြအပိုင်ရွာလေ... မြို့နဲ့ သိပ်မဝေးဘူး... "
သန့် - " ဪ... မမက အဲ့ရွာကလား... "
ကျွန်မ - " မဟုတ်ဘူး... ခွေးလေးကြီးက"
သန့် - " ဟမ်... ဘာကြီး..."
ကျွန်မ - " ခွေးလေးကြီး လေ... မကြားဖူးဘူးလား..."
သန့် - " အသန့်လေးက မြောင်းမြခရိုင် အပိုင် ဘယ်နှမြို့ ရှိတယ်လောက်ပဲ သိတာ... ရွာတွေအထိ မသိဘူး... ဇာတိလည်း မဟုတ်ကြတော့လေ... ပြီးတော့ ဘယ်ရွာမှလဲ မရောက်ဖူးဘူး... သိလ္လာလား အဲ့ကိုပဲ အသိအလှူတစ်ခါ ရောက်ဖူးတယ်..."
ကျွန်မ - "ဟယ်... အိမ်တွင်းပုန်းလေးပဲ..."
သန့် - " ဟီး... မမ အားသွင်းကြိုးပါလား... ပုံတွေ ကူးပေးမယ်..."
ကျွန်မ - " ဟင့်အင်း... ဘုန်းကြီးကျောင်းမှာ ထားခဲ့တယ်..."
သန့် - " ဒါဆို ညကျမှ ကူးပေးမယ်... အသန့်လေး ဖုန်းနဲ့လည်း ကြိုးမတူတော့ မရဘူးရယ်... အသန့်လေးက မမ အခုတင်ရင် တင်လို့ရအောင်လေ..."
ကျွန်မ - " ဪ... ရပါတယ် နောက်မှကူးလည်း... Zapya ကနေ ကူးပေးလို့ ရတယ်လေ ညီမလေး..."
သန့် - " အသန့်လေးဖုန်းက IOS ဆိုတော့ မရဘူးလေ..."
ကျွန်မ - " ဟုတ်သားပဲ... Messenger ကနေ ပို့လည်း ရတယ်လေ..."
သန့် - " အင်း... မမ acc ပေး..."
ကျွန်မ - " Thandar Thandr ရှေ့တစ်ခုက d.a.r နောက်တစ်ခုက d.r ပဲရေးတယ် "
သန့် - " ရှာလိုက်မယ်နော်..."
သန့် - " ဒီဟာလား... add လိုက်မယ်နော်..."
ကျွန်မ - " အင်း... ဪ...ဒီမှာ Shwe Thant ဆိုတာလား"
သန့် - " ဟုတ်..."
သန့် - " By the way မမနာမည်က သန္တာလား..."
ကျွန်မ - " ဟုတ်တယ်..."
သန့် က ခေါင်းငြိမ့်က ပုံများပို့ပေးနေလေသည်။ သန့်က ကျွန်မ နာမည်ရင်းကို မမေးသကဲ့ ကျွန်မကလည်း သန့်ရဲ့ နာမည်ရင်းကို မေးဖို့ စကားလုံး ရှာမရပေ။...
ထို့နောက် ကျွန်မတို့ ရှင်ဥသြဘုရားဖူးကာ ဘုန်းကြီးကျောင်းသို့ ပြန်ခဲ့ကြလေ၏။
..........
YOU ARE READING
The Rope (Own Creation)
Teen FictionAs my own style, I rated this story as 13 yrs old & above. (Zawgyi) တချို့သော ကြိုးတွေက မထုံးနိုင်ပေမယ့်လည်း ရုန်းနိုင်ခဲတယ်လေ... Summary အလွန်ထက်မြက်တဲ့ သန့်ကြယ်စင်ဆိုသော မိန်းကလေး ရည်းစားဟောင်းနှင့် ပြဿနာတက်ကာ စိတ်ပြေလက်ပျောက် ခရီးထွက်လာရင်း သန္တာ...
Part 1 (Unicode)
Start from the beginning
