Part 1 (Unicode)

Começar do início
                                        

ကျွန်မ နောက်သို့ လှည့်ကြည့်လိုက်မိသည်။
သူမလေးက နားကြပ်တပ်ထား၍ ထိုင်ခုံပေါ်၌ အေးဆေးစွာ ထိုင်နေလေသည်။

သူမလေး ကျွန်မကို မော့ကြည့်လေသည်။ ကျွန်မလည်း ပြုံးပြလိုက်မိသည်။ သူမလည်း ပြန်လည်ပြုံးပြ၍ သူမ၏ ဖုန်းကိုသာ ပြန်ကြည့်နေလေသည်။

ကားသည် လေးဆယ့်ငါးယောက်စီးကား ဖြစ်သည်။ ကားပေါ်တွင် အခြားမိသားစု သုံးစု၊ ညီအစ်မဖြစ်ဟန်တူသည့် ကောင်မလေးနှစ်ယောက်၊ ကျွန်မနှင့်ရွယ်တူ ကျွန်မတို့ ရှေ့ရွာမှ ညီအစ်မနှစ်ယောက်၊ အသက်ငါးဆယ်ခန့် အန်တီကြီးနှင့် အသက်ရှစ်နှစ်ခန့်သားဖြစ်သူ၊ ကားပိုင်ရှင် လင်မယား၊ ခရီးစီစဉ်သူ အန်တီမြ၊ နှင့် အသက်ငါးဆယ်ကျော် အန်တီကြီးနှစ်ယောက် လိုက်ပါလာကြသည်။

ကျွန်မ၏ နံဘေး ပြတင်းပေါက်ဘက်တွင် အဒေါ်ကြီး တစ်ဦးထိုင်လေသည်။ ကျွန်မ၏ အခြားဘေးတစ်ဖက် လျှောက်လမ်းခြား၍ သူမ ထိုင်လေသည်။ သူမနံဘေးပြတင်းတံခါးဘက်တွင်လည်း အဒေါ်ကြီး တစ်ဦးထိုင်လေသည်။

ကျွန်မလည်း ရွာမှ ဆိုင်ကယ်စီးလာရသောကြောင့် ပင်ပန်းကာ မြောင်းမြမှ ကားထွက်လာပြီး မကြာမီ အိပ်ပျော်သွားရာ နေ့လယ်စာ စားရန် ပန်းတနော်၌ ကားရပ်ခါမှ နိုးလာလေသည်။

ကျွန်မ နေ့လယ်စာ စားရန် စားသောက်ဆိုင်ထဲဝင်၍ ထိုင်နေစဉ် ဘေးဝိုင်းသို့ သူမလေးနှင့် သူမနှင့်အတူထိုင်သော အဒေါ်က ဝင်ထိုင်လိုက်လေသည်။

သူမ - " အန်တီ toilet သွားချင်သွားလေ... အသန့်လေး ဒီမှာ ပစ္စည်းစောင့်ပေးမယ်..."

အန်တီ - " ရပါတယ် သန့်ရဲ့... ကားထွက်ခါနီးမှ အန်တီ သွားမယ်..."

သူမ(သန့်) - " ဒါဆိုလေ... အိတ်ကလေး ခဏ ယူထားပေးပါလား အသန့်လေး Toilet ဝင်ဦးမယ်..."

အန်တီ - " ရတယ်... ထားခဲ့လေ... "

သန့်က ထိုအန်တီအား ပြုံးပြကာ ထထွက်သွားလေသည်။

အန်တီကြီးက ကျွန်မအားလှည့်ကြည့်၍ပြုံးပြကာ

အန်တီ - " သမီး တစ်ယောက်တည်းလား အန်တီတို့နဲ့လာထိုင်လေ..."

The Rope (Own Creation)Onde histórias criam vida. Descubra agora