Chapter 29 : Open it !!

9.7K 1.5K 18
                                    

ထိုက်​​တော်​စင်​ ရုံခန်းထဲကို အဟုန်​နှင့်​ ပြန်​ဝင်​လာခဲ့သည်​..

"ဟိန်းမင်း.."

"ဟုတ်​ကဲ့... "

"မင်း​တွေ့တယ်​မလား.. "

ဟိန်းမင်းသည်​ ​သူ၏​ခေါင်းကို ငုံ့လိုက်​ပြီး ပြန်​​ဖြေ​လေသည်​..

"ဟုတ်​ကဲ့.. "

"မင်းအခုပဲ ဒီအမှုကို ဘာမှ ဆက်​မလိုက်​နို​င်​​အောင်​ ပိတ်​ပစ်​နိုင်​တဲ့ သူဆီသွား.. ကိတ်​မုန့်​ ( $$$ ) လက်​​ဆောင်​သွားပို့လိုက်​..
ဒီအမှု ဆက်​မရှည်​ချင်​ဘူး..

ပြီး​တော့ မင်း ​နောက်​ဆို အလုပ်​ကို ​ကောင်း​ကောင်းလုပ်​.. မင်း ​ပေါ့ဆမှု​လေး တစ်​ခု​ကြောင့်​ ဘယ်​​လောက်​ ​စောက်​လုပ်​ရှုပ်​ရလဲဆိုတာ မင်းမြင်​ပြီမလား.. "

ဟိန်းမင်းသည်​ သူ့စကားကို ဘာမှ မ​ပြောပဲ ငြိမ်​သက်​စွာပင်​ နား​ထောင်​​နေ​လေသည်​..

"ရပြီ.. ခိုင်းတာ သွားလုပ်​​တော့.. "

ဟိန်းမင်း သူ့ကို ရုံးခန်းထဲမှာ ချန်​ခဲ့ပြီး ညင်​သာစွာ တံခါးကိုပိတ်​လျက်​ ထွက်​သွား​လေသည်​..

ထိုက်​​တော်​စင်​ တစ်​​ယောက်​ စဉ်းစား​နေမိသည်​..

အဲ့​လောက်​ လွယ်​လွယ်​ ပိတ်​လို့ရတဲ့အမှုကို သဲကြီးမဲကြီး လိုက်​​နေတဲ့ စုံ​ထောက်​က ဘာလဲ ??

ဒီ​နေ့ သူတို့ ရုံးဆင်း​တော့ သူ VIP လျှို့ဝှက်​ခန်းနဲ့ တိုက်​ရိုက်​ဆက်​ထား​သော ဓာ​တ်​​လှေကားမှ ဆင်းခဲ့ကြသည်​..

ဓာတ်​​လှေကားမှာ ကားပါကင်​နဲ့ တစ်​ခါတည်း ဆက်​ထားပြီး CCTV မရှိ​သော ​ရိုးရိုး​လှေကား အဝင်​ဝတွင်​ ရှိသည်​..

ဓာတ်​​လှေကား​ရှေ့တွင်​လည်း လျှို့ဝှက်​ကင်​မရာ တစ်​လုံး တပ်​ထားသည်​မို့ ဓာတ်​​လှေကားအတွင်းမှ လူရှိမရှိ ကြည့်​နိုင်​သည်​..

သူတို့ ရုံးဆင်းပြီး ​ကားပါကင်​​ရောက်​​တော့ CCTV မှ လူတစ်​​ယောက်​ရှိ​နေ​ကြောင်း​တွေ့ရသည်​မို့ မထွက်​ပဲ ခဏ ရပ်​​စောင့်​ခဲ့ကြသည်​..

When You Fall In Love With A Law Student [Completed]Tahanan ng mga kuwento. Tumuklas ngayon