Chapter 10 : A Girl with mystery

12.6K 1.8K 31
                                    

သူနှင့်​ ချာတိတ်​တို့ ​နောက်​​နေ့မှာပင်​ Ambition Private school သို့ လာခဲ့ကြသည်​..

ကား​ပေါ်က ဆင်း​သော အခါ ​ကောင်​​လေးက ​ပြောသည်​..

"စုံ​ထောက်​ကြီးကပဲ ​ကျောင်းအုပ်​နဲ့ သွား​တွေ့လိုက်​ပါ.. ကျွန်​​တော်​ ​​နေခဲ့မယ်​.. "

သူ ဘာမှ ထပ်​မ​ပြော​တော့ပဲ ​ကျောင်းအ​ဆောက်​အဦးထဲသို့ ဝင်​ခဲ့​လေသည်​..

အ​စာင့်​က သူနှင့်​ ချာတိတ်​ကို ​ဝင်​ခွင့်​ကတ်​ပြား ​ပေးသည်​..
ထို့​နောက်​ ဧည့်​စာရင်းမှတ်​သည်​..

"​ကျောင်းအုပ်​ကြီးနဲ့ ​တွေ့ချင်​လို့ပါ.. "

သူက အ​စောင့်​ကို ​ပြောလိုက်​​တော့ အ​စောင့်​က ဖုန်းဆက်​​ပေးသည်​..

ထို့​နောက်​ ဖုန်းကို လက်​နှင့်​ကာကာ သူ့ကို ပြန်​​မေး​လေသည်​..

"အစ်​ကို Appointment ရှိတာလားခင်​ဗျ.."

ထိုအခါ သူ့ရဲ့ မှတ်​ပုံတင်​ကဒ်​​ ထုတ်​ပြလိုက်​သည်​..

"​စုံ​ထောက်​ ​ကောင်းစစ်​နိုင်းပါ...အ​ရေးတကြီး ​မေးစရာ ကိစ္စရှိလို့ပါ.. "

ထိုအခါ အ​စောင့်​က ဖုန်းထဲက တစ်​​ယောက်​​ယောက်​ကို ပြန်​​ပြောပြ​လေသည်​..

ထို့​နောက်​ ဖုန်းကို ချလိုက်​ကာ သူ့ကို ပြန်​​ပြောသည်​..

"အကိုတို့ ခဏ​လောက်​ ထိုင်​ပါဦး.. ဆရာကြီးက ကြိုဖို့ တစ်​​ယောက်​​ယောက်​ လွှတ်​လိုက်​မယ်​ ​​ပြောပါတယ်​.. "

သူနဲ့ ချာတိတ်​တို့ အ​စောင့်​ ညွှန်​ပြ​သော ခုံတွင်​ ဝင်​ထိုင်​လိုက်​သည်​..

နေကလည်းပူ​နေတာ​ကြောင့်​ ထိုင်​ပြီး မကြာခင်​တွင်​ ​ချွေးများ စို့လာသည်​..
ထိုစဉ်​ မိန်းမတစ်​​ယောက်​က သူတို့ဆီလာ၍ စကား​ပြော​လေသည်​..

"ဟုတ်​ကဲ့.. အစ်​ကိုတို့ ခဏက စုံ​ထောက်​​တွေထင်​တယ်​.
ကျွန်​မက ​ဒေါ်ငယ်​ယဉ်​​ထွေးပါ.. ဆရာကြီးရဲ့ လက်​​ထောက်​ပါ. "

သူတို့နှစ်​​ယောက်​လုံးထိုင်​ရာမှ ထရပ်​လိုက်​သည်​..

"ဆရာကြီးက ကြိုခိုင်းလိုက်​လို့ပါ.. ကျွန်​မ​နောက်​ လိုက်​ခဲ့ပါရှင့်​ . "

When You Fall In Love With A Law Student [Completed]Where stories live. Discover now