Special Episode : 2

6.6K 946 7
                                    

"ကိုစစ်​နိုင်း..

ခန့်​လင်းထက်​ရဲ့ သူငယ်​ချင်း အာကာထက်​​အောင်​က အရင်​အပတ်​ကမှ ကိုယ့်​ကိုယ်​ကိုယ်​ သတ်​​သေသွားတာ​.. "

လွမ်းရိပ်​က သူ့​နေရာမှ ထ​အော်​သည်​မို့ စစ်​နိုင်း လွမ်းရိပ်​ရဲ့ ကွန်​ပျူတာကို အ​ပြေအလွှား သွားကြည့်​ရသည်​..

အင်း...

အာကာထက်​​အောင်
အသက်​က ၂၀

"လွမ်းရိပ်​... အာကာထက်​​အောင်​အ​ကြောင်း တတ်​နို​င်​သမျှ ရှာထား​ပေး.. "

"ကိုစစ်​နိုင်း.. "

ထိုစဉ်​ ​နောက်​က ဒီ​ရေကလည်း သူ့ကို လှမ်း​ခေါ်​လေသည်​..

"ဖုန်းကုမ္ပဏီက​နေ CCTV မှတ်​တမ်းပို့လိုက်​တယ်​.. "

စစ်​နိုင်း ဒီ​ရေ့ဆီ​ပြေးရပြန်​သည်​..

"မှတ်​တမ်းက ညဆို​တော့ ​မှောင်​​နေတယ်​ ကိုစစ်​နိုင်း..

ပြီး​တော့ ဓာတ်​တိုင်​မရှိတဲ့ မြို့ပြင်​ဘက်​ဆို​တော့ ပိုဆိုး.. "

ဟုတ်​ပါသည်​.. သူတို့ CCTV အနက်​​ရောင်​ချည်းပဲ ရလိုက်​သည်​..

"ခဏ.. ဒီမှာ လင်းလာပြီ.. "

လူသတ်​သမားက ​ရေခဲခန်း တံခါးကို ဖွင့်​လိုက်​​သောအခါ ကားထဲက အလင်း​ရောင်​​ပေါ်လာသည်​..

"ဒါ​ပေမဲ့ အဆင်​​ပြေပါ့မလား? CCTV က အရမ်း ​ဝေးလွန်းတယ်​.. "

"ခဏ... ခဏ.. ရပ်​..

လူသတ်​သမား မျက်​နှာကို ချဲ့ကြည့်​လို့ရမလား??"

"ဒါက​တော့ IT ဌာနကို ပို့မှရမယ်​ထင်​တယ်​..

သူတို့ဆီက Software နဲ့မှ အဆင်​​ပြေလိမ့်​မယ်​.. အရမ်းကို ​မှောင်​ပြီး ဝါး​နေလို့.. "

"လွမ်းရိပ်​.. အာကာထက်​​အောင်​ အ​ကြောင်း ဘာရှာလို့ရလဲ ??"

"ဟုတ်​.. သူ့မှာ အစ်​ကို တစ်​​ယောက်​​တော့ရှိတယ်​..

မိဘနှစ်​​ယောက်​လုံးက ဆုံးသွားတာ ကြာပြီ.. သူတို့ အထက်​တန်း​လောက်​ကတည်းကရင်း ​ရှေ့ဆင့်​​နောက်​ဆင့်​ ဆုံးသွားကြတာ..

When You Fall In Love With A Law Student [Completed]Where stories live. Discover now