Chapter 45 : The last time I saw you smile

8.6K 1.3K 20
                                    

အလင်းတန်း ​ဖျော့​ဖျော့....

အလင်းတန်း​ဖျော့​ဖျော့​လေးက​နေ တဖြည်းဖြည်း စူးလာတဲ့ မီးသီးတစ်​လုံး သူ့အမြင်​အာရုံတွင်​ ထင်​ရှားလာသည်​...

မေ့​ဆေးရှုမိလိုက်​၍လားမသိ.. သူ့​ခေါင်းထဲ ငြီးစီးစီးနှင့်​​နေလို့မ​ကောင်း​ပေ...

ရုတ်​တရက်​ သူ့နားထဲတွင်​ တရှပ်​ရှပ်​နှင့်​ ​ခြေသံတစ်​စုံ ကြားလိုက်​ရသည်​...

"နိုးပြီလား.. "

အသံခပ်​ ​အော​အောတစ်​သံ...

"မင်း ​မေ့သွားတာ တစ်​နာရီ​လောက်​ကြာတယ်​..

ငါမင်းနဲ့စကား​ပြောဖို့ကို ​စောင့်​​နေတာ.. "

သူ့​ရှေ့တွင်​ရှိ​သော ထိုင်​ခုံ​ကို Zero ဆွဲယူကာ ထိုင်​လိုက်​သည်​..

"မင်း နာမည်​က ​ရောင်​​နေဦးမလား.. ??

ငါမင်းကို ​တွေ့လိုက်​ကတည်းက မှတ်​မိတယ်​.. "

သူ့ကို မှတ်​မိတယ်​..
သူတို့ ​တွေ့ဖူးလို့လား...

"မင်းဘာလို့ ဒီကို​ရောက်​​နေလဲဆိုတာ မင်းသိချင်​မှာ​ပေါ့.. "

Zero တစ်​​ယောက်​တည်း အခုထိ စကား​တွေ တတွတ်​တွတ်​​ပြော​နေသည်​ကို သူဘာမှ ပြန်​မ​ပြောပဲ နား​ထောင်​​နေမိသည်​..

"မင်း မကြာခင်​သိရမှာပါ.. "

Zero က ထိုစကား​ပြောပြီး​နောက်​ ထိုင်​ခုံ​ပေါ်က​နေထကာ သူ့ရဲ့အ​နောက်​ကို လမ်း​လျှောက်​ရင်း ​ရောက်​လာသည်​..

"ငါမင်းကို အ​ကြွေးတစ်​ခု​တော့ တင်​​နေတယ်​..

မင်းအဖွားကိစ္စအတွက်​ ငါ စိတ်​မ​ကောင်းပါဘူး.. "

အဖွား... အဖွားကို သူဘယ်​လိုသိတာပါလိမ့်​..
သူ ​စဉ်းစားရင်း သူ့ရဲ့ ရင်​ဘတ်​တစ်​ခုလုံး ​ဗြောင်းဆန်​လာရသည်​..

"ခင်​ဗျား ကျုပ်​အဖွားကို ဘယ်​လိုသိတာလဲ..??"

"မင်းရဲ့ အိမ်​ခြံဝင်းထဲမှာ အ​လောင်းတစ်​ခု မြှုပ်​ခဲ့ဖူးတယ်​."

"ဘာ !!"

"အင်း... အဲ့​နေ့ညက ငါ အဲ့ စကတ်​အပြာ​ရောင်​နဲ့ ​ကောင်​မ​လေးကို သတ်​ခဲ့ပြီး မင်းခြံထဲ ငါသယ်​လာခဲ့တယ်​..

When You Fall In Love With A Law Student [Completed]Место, где живут истории. Откройте их для себя