Chapter 17 : What happened??

11.7K 1.7K 26
                                    

သူမ အခန်းတံခါး ​ခေါက်​လိုက်​​သော အခါ ဝင်​ခဲ့ ဟူ​သော အသံလွင်​လွင်​​လေးကို ကြားရ​လေသည်​..

သူမ တံခါးကို အသာ​လေး ဖွင့်​၍ ဝင်​ခဲ့​လေသည်​...အချိန်​မှာ ည ၁၂ နာရီ ​ကျော်​ပြီ ဖြစ်​၍ အကုန်​လုံးက အိပ်​​မောကျ​နေ​ကြသည်​..

ယွန်းက​တော့ ဝရံတာတွင်​ထွက်​ကာ အပြင်​ကို ​ငေးကြည့်​​နေ​လေသည်​..
သူမရဲ့ ညအိပ်​ဝတ်​ ဂါဝန်​ အဖြူ​ရောင်​ ​လေးနဲ့ ​ဆံနွယ်​ရှည်​​လေးများသည်​ တစ်​ချက်​တစ်​ချက်​ ​လေအတိုက်​တွင်​ လွှင့်​လာသည်​ကို ကြည့်​ရသည်​မှာ တကယ့်​ ကဗျာထဲက အလှတရားပင်​အလားပင်​..

"ယွန်း.. ငါ ​ပြောစရာ ရှိလို့.."

မေသဇင်​ ​ပြောရင်းဆိုရင်း ကုတင်​​ပေါ်ဝင်​ထိုင်​လိုက်​မိသည်​..

"​ပြော​လေ.."

ယွန်းက သူမကို လှည့်​ပင်​မကြည့်​​ချေ.. သူမ သူမရဲ့ နှလုံးခုန်​သံကို တည်​ငြိမ်​သွား​အောင်​ အတတ်​နိုင်​ဆုံး ကြိုးစား​နေမိသည်​..

ဒီအချိန်​ပဲ.. အခုအချိန်​မှ မ​ပြောဖြစ်​​ရင်​ သူမ ​နောင်​တရမိမည်​ ထင်​သည်​..

အဆင်​​ပြေမှာပါ.. ယွန်း သူမကို ပစ်​ပစ်​ခါခါ မလုပ်​​လောက်​ပါဘူး..

"ယွန်း... နင်​.. ငါ ​လေ.. မဟုတ်​ဘူး.. မနက်​ဖြန်​ သီတင်းကျွတ်​ ​ကျောင်းအပြင်​ထွက်​ရမယ်​မလား.."

"အင်း.."

"အဲ့တာ​လေ.. ငါ... "

သူမ ပါးစပ်​က မထွက်​ပါ​ချေ.. စိတ်​လှုပ်​ရှားလွန်း၍ အသံများပင်​ တုန်​​နေရသည်​..
သူမ အသက်​ရှုတာ မြန်​လွန်းလို့လားမသိ.. တိတ်​ဆိတ်​လွန်းတဲ့ ညတွင်​ သူမ နှလုံးခုန်​သံ သူမပြန်​ကြား​နေရသည်​..

သူမ မျက်​လုံးကို စုံမှိတ်​ပစ်​လိုက်​သည်​..

"ငါ.... ငါ.. နင့်​ကို.."

"ရွံလိုက်​တာ..."

သူမ စကားပင်​ မဆုံး​သေးခင်​ ယွန်းဆီမှ စကားသံ သဲ့သဲ့ ထွက်​လာ​လေသည်​..

"ယွန်း.. ဘာ​ပြောတာလဲ.."

(စကား​ပြောနည်းနည်း ကြမ်းပါမယ်​​နော်​..)

When You Fall In Love With A Law Student [Completed]Where stories live. Discover now