Chapter 2 : Suspecting makes Accuracy

18.4K 2.4K 47
                                    

"ကျွန်​​တော်​ မြင်​ခဲ့တယ်​... အဲ့ဒီမိန်းမက ပန်း​ရောင်​ ဂါဝန်​ရှည်​ကို ဝတ်​ထားတာ.. သူ ​ရေချိုးခန်းက အထွက်​ မီးဖို​ချောင်​ကို ဝင်​တဲ့အခါ ဓားနဲ့ထိုးခံလိုက်​ရတာ.. "

ထို ​ကောင်​​လေးက သူ့ကို တိတိကျကျ ​ပြော​နေသည်​မို့ သူ စိတ်​ဝင်​စားသွားသည်​...

"မင်း ဘယ်​လို မြင်​ခဲ့တာလဲ.. "

သူ့​မေးခွန်းကို ထို​ကောင်​​လေးက အင်းမလုပ်​ အဲမလုပ်​ ​နေ​နေသည်​....
ပြီး​တော့မှ.. ထစ်​ထစ်​ငငနှင့်​​ပြောသည်​..

"ဟိုလို မြင်​ခဲ့တာမဟုတ်​ပါဘူး.. အိမ်​မက်​ထဲမှာ.. "

ကောင်​​လေးရဲ့ အ​ဖြေကို ကြားပြီး သူ ​ဒေါသထွက်​သွား​လေသည်​..
ကွာ... အလုပ်​ရှုပ်​​နေတဲ့သူကို လာ​နောက်​​နေတယ်​..

"မင်း ဆက်​ပြီး ​ပေါက်​ကရစကား​တွေ ​ပြောပြီး ငါ့အလုပ်​ချိန်​ကို ​နှောင့်​ယှက်​​နေဦးမယ်​ဆိုရင်​ ဝတ္တရား​နှောင့်​ယှက်​မှုနဲ့ အချုပ်​ထဲပို့မယ်​​.. ​နောက်​တစ်​ခါ လာမ​တွေ့နဲ့ .. ဟုတ်​ပြီလား.. "

"ဘယ်​ဘက်​လက်​.. "

ကောင်​​လေးက လှည့်​ထွက်​သွားမည်​ပြု​နေ​သော သူ့ကို ​လှမ်း​အော်​​ပြောသည်​..

"ဘယ်​ဘက်​လက်​.. ဘာအဓိပ္ပါယ်​လဲ.. "

သူ​ပြန်​​မေးလိုက်​သည်​..

"တရားခံက ဘယ်​​ကျော်​... ဒါ​ပေမယ့်​ ကိုကြည်​မင်းက ညာ​ကျော်​မလား.. "

သူရယ်​လိုက်​သည်​.. ကြည့်​ရတာ ဒီ​ကောင်​​လေး စုံ​ထောက်​ရူး ရူး​နေသည်​ထင်​သည်​..
လူငယ်​​တော်​​တော်​များများက စုံ​ထောက်​ကား​တွေကြည့်​.. ပြီးရင်​ လိုင်း​ပေါ်က ​ပေါက်​ကရ​လေးဆယ်​ ​ကောမန့်​​တွေ ​ပေးတတ်​ကြသည်​​လေ..

သူက မယုံကြည်​တဲ့ ပုံ​ပေါက်​​နေ​တော့ ​ကောင်​​လေးက ဆက်​​ပြောသည်​..

"မယုံရင်​.. ​သေဆုံးသူ အမျိုးသမီးရဲ့ ဓားထိုး ဒဏ်​ရာကို ကြည့်​လိုက်​ပါ.. ညာဘက်​နဲ့ ဓားကို ကိုင်​ပြီးထိုးလိုက်​ရင်​ ဓားသွားက ဘယ်​ဘက်​ကို ​ထောင့်​ဖြတ်​​နေရမှာ.. ဘယ်​ဘက်​လက်​နဲ့ဆို ညာဘက်​​ထောင့်​ဖြတ်​​နေမှာ.. "

When You Fall In Love With A Law Student [Completed]Where stories live. Discover now