Chapter 23 : Confusion

10.8K 1.6K 8
                                    

သူနှင့်​​ကောင်​​လေး ကား​ပေါ်မှ ဆင်းလိုက်​ကြသည်​..

သူမှ ​တော်​​သေးသည်​.. ​ကောင်​​လေးက ညအိပ်​ဝတ်​စုံကြီးနှင့်​ သူ့ တို​က်​ခန်းမှ ထလိုက်​လာသည်​မို့ ပုံစံမှာ သနားကမား .. သူတို့ အခင်းဖြစ်​ပွားတဲ့​နေရာ ​ရောက်​​တော့.. ​ကောင်​​လေးကို အကုန်​ ကွက်​ကြည့်​ကွက်​ကြည့်​လုပ်​​နေကြ​လေသည်​..

သူကပဲ တခြား ရဲများကို အာမခံပြီး ​ကောင်​​လေးကို အ​လောင်းနား ​ခေါ်လာခဲ့သည်​...

ကောင်​​လေး နဲ့သူ တိုက်​ခန်းတွင်​ အ​ရေးကြီး စား​ရေး​သောက်​​ရေးများ ​ဆွေး​နွေးစဉ်​ စခန်းမှ အ​လောင်း​တွေ့၍ ဖုန်းဆက်​​ခေါ်​သော​ကြောင့်​ ​ပြေးလာရခြင်းဖြစ်​သည်​..

လူသတ်​သမားသည်​ တကယ်​ကို ရဲ​တွေကို ပမာမခန့်​ စိန်​​ခေါ်လိုက်​သလိုပင်​..
အ​လောင်းကို အဝတ်​ထည့်​တဲ့ အိတ်​ကြီးထဲ ထည့်​၍ ​ဝေး​ပြေးလမ်းမအလယ်​တွင်​ ပစ်​ထား​လေသည်​..

ကားတစ်​စီးက ထို အိတ်​အား တိုက်​မိမလိုဖြစ်​ပြီး ကား​ပေါ်က ဆင်းကြည့်​ခဲ့သည်​..
ဖွင့်​ကြည့်​လိုက်​​သောအခါ အိတ်​ထဲမှ အမျိုးသမီးအ​လောင်းကို ​တွေ့ရ၍ ရဲစခန်းကို ဖုန်းဆက်​ခဲ့ခြင်းဖြစ်​​လေသည်​..

"ကိုစစ်​နိုင်း.... "

"ကိုရဲမြင့်​.. ဘာ​တွေ ​တွေ့ထားပြီးပြီလဲ.. "

"ခုထိ​တော့ ဘာဆိုဘာမှ မရ​သေးဘူး.. လမ်းကလည်း လူ​တွေ သိပ်​မသုံး​တော့တဲ့ အ​ဝေး​ပြေးလမ်းမ အ​ဟောင်းဆို​တော့..

ပြီး​တော့ ပတ်​ဝန်းကျင်​မှာလည်း ​နေထိုင်​တဲ့ လူမရှိ.. အ​လောင်းက​တော့ ​မှုခင်းသိပ္ပံက စစ်​ပြီးမှ အ​ကြောင်းရင်း သိမှာ.. "

"အင်း... "

သူ လက်​ထဲမှ စီးကရက်​ အကျန်​ကို စုတ်​ယူလိုက်​ကာ ​ဆေးလိပ်​ငုတ်​တိုကို ချနင်းလိုက်​သည်​...

ကောင်​​လေးက​တော့ အ​လောင်းကို ကြည့်​ကာ .. သူ့ဆီသို့ ပြန်​လှည့်​လာသည်​...

"ကျွန်​​တော်​ ​မ​နေ့က မက်​တဲ့ အိမ်​မက်​ထဲက မိန်းက​လေးပဲ.. "

When You Fall In Love With A Law Student [Completed]Where stories live. Discover now