Special Episode

6K 874 8
                                    

အေးစက်​​နေတာပဲ....

ရောင်​​နေဦးရဲ့ ​ဆွယ်​တာပါးပါး​လေးများကတစ်​ဆင့်​ ​အေးစိမ့်​​နေ​သော ​ရေခဲ​ငွေ့များက တဖြည်းဖြည်း တိုးဝင်​လာခဲ့ပါသည်​..

သူ့​ရှေ့တွင်​ မြင်​​နေရတာက ​ကြောက်​လန့်​တကြား ​အော်​ဟစ်​​နေ​သော ​ယောကျာ်း​လေးတစ်​​ယောက်​..

အသက်​ ၁၈ ၂၀ ​လောက်​ပင်​ရှိဦးမည်​..

သာမန်​ ရှပ်​အကျီင်္ အပြာနုနုကို အမည်း​ရောင်​ ချည်​သား​ဘောင်းဘီနှင့်​ တွဲစပ်​ကာ ဝတ်​ထားသည်​...
မြင်း​ချေး​ရောင်​ ရှူးဖိနပ်​က ရွံ့ဗွက်​တချို့​ပေ​နေ​သေည်​ထင်​သည်​..

အလင်းမှိန်​မှိန်​​ကြောင့်​ သူ ​သေချာ​တော့ မမြင်​ရ..
သို့​သော်​ ထို​ကောင်​​လေးဖိနပ်​က ​ပေကျန်​ခဲ့​သော ရွံ့​ခြေရာများကို ကားကြမ်းပြင်​​ပေါ်မှာ အတိုင်းသား​တွေ့မြင်​​နေရပါသည်​...

ထိုစဉ်​ ထို​ကောင်​​လေးက ​ကြောက်​ရွံ့တုန်​လှုပ်​​နေ​သော ခပ်​ရူး​ကြောင်​​ကြောင်​ မျက်​ဆံအပြူးသားဖြင့်​.....

"ဘာ... ဘာလဲ ??
အဲ့​ကောင်​ဘာသာ သတ်​​သေတာ ကျွန်​​တော်​နဲ့ ဘာဆိုင်​လို့လဲ ??

အဲ့​ခွေး​ကောင်​က နဂိုကတည်းက ​စိတ်​​ပျော့​တဲ့ ​ကောင်​ပဲ.. ဘာလို့ ကျွန်​​တော့်​ကို လာ.... "
ထို​ကောင်​​လေးစကားမဆုံးလိုက်​ပါ..

ရောင်​​နေဦး ထို​ကောင်​​လေးရဲ့ ဆံပင်​ကို ​နောက်​ပြန်​ဆွဲလိုက်​ပြီး ​ထွက်​​ပေါ်လာတာ​သော ခပ်​​ဖောင်း​ဖောင်း လည်​ပင်းတစ်​​လျှောက်​ သူ့လက်​ထဲက မုတ်​ဆိတ်​ရိတ်​တဲ့ ဘလိတ်​ဓားဖြင့်​ ခွဲချလိုက်​​လေသည်​..

ဖြတ်​ရှရာ​သေး​သေး​လေးထဲက ​သွေး​တွေ ပန်းထွက်​လာသည်​မှာ တစ်​ကားလုံး ​သွေး​ရောင်​လွှမ်းသွားသည်​အထိပင်​...

သူ့​ရှေ့က ​ကောင်​​လေးသည်​ တစ်​ခုခု ကြိုးစား​ပြောချင်​​နေသည်​လား ? အသက်​ကြိုးစား ရှူ​နေသည်​လားမသိ​ပေမယ့်​ ​သွေး​တွေပန်းထွင်​​နေ​သော လည်​​ချောင်းက တစ်​လစ်​တစ်​လစ်​နှင့်​ လည်​ပင်းအစ်​ရာမှာ ထွက်​​ပေါ်တတ်​​သော အသံများ ထွက်​လာ​လေသည်​..

When You Fall In Love With A Law Student [Completed]Where stories live. Discover now