Chapter 16 : Who is the killer??

11.8K 1.8K 45
                                    

ယွန်းချယ်​ရီသင်း အ​လောင်းရဲ့ ​ဆေးစစ်​ချက်ထွက်​လာသည်​..

ဦး​ခေါင်းခွံကွဲခြင်းသည်​ ​သေခြင်း၏ အဓိကအ​ကြောင်းအရင်းဖြစ်​​လေသည်​.. ​နောက်​က​နေ မာ​ကျောတဲ့ အရာတစ်​ခုခုနှင့်​ ရိုက်​ခံရ၍ ​ဦး​ခေါင်းခွံကွဲရခြင်းပင်​..

သူမ၏ ​ဆေးစစ်​ချက်​အရ​တော့ သူမတွင်​ ကိုယ်​ဝန်​ရှိ​နေသည်​..
ဒါဆို တကယ်​ပဲ သူ့ရည်းစား လက်​ချက်​လား???

" လာ.. စုံ​ထောက်​ကြီး ​ကျောင်း​စောင့်​ကို သွား​မေးရ​အောင်​.. "

ကောင်​​လေးက သူ့လက်​ကို ဆွဲ၍ ​ခေါ်သွား​လေသည်​..

သူ အိပ်​ချင်​မူးတူးဖြင့်​ပါသွားသည်​..

"​ဟေ့​ကောင်​.. အခုမှ မနက်​ ၆ နာရီပဲ ရှိ​သေးတယ်​.. ငါ မ​နေ့ညက ၂ နာရီမှ အိပ်​တာကွ.. "

"ကျွန်​​တော်​ မနက်​အတန်းရှိတယ်​ဗျ... ​နောက်​ကျလို့မဖြစ်​ဘူး.. ဒါ​ကြောင့်​ ​ကျောင်းမသွားခင်​ မြန်​မြန်​​လေး လုပ်​ရ​အောင်​.. "

မနက်​ ၅ နာရီကြီး သူ့ဆီ ဖုန်းဆက်​ခေါ်​သော ​ကောင်​စုတ်​​လေး..
သူ့မှာ ၃ နာရီပဲ အိပ်​ရ၍ ​​ခေါင်း​နောက်​ကျိ​နေသည်​..

သူတို့ ​ကျောင်း​ရောက်​​တော့ ​ကျောင်းတံခါးပင်​ မဖွင့်​​သေး.. အင်း​လေ.. ​ကျောင်းတံခါးက ဘယ်​​တုန်းကမှ ဖွင့်​ထားတာမဟုတ်​တာ..
ကျောင်းအ​စောင့်​ ဦး​လေးက​တော့ ​ရှေ့တွင်​ တံမြက်​စည်းလှည်း​နေ​လေသည်​..

ကျောင်း​စောင့်​နှစ်​​ယောက်​ရှိတာ ကျန်​တဲ့ အသက်​ငယ်​ငယ်​ ​ကောင်​​လေးက​တော့ ​ရောက်​​သေးပုံမရ..

"ဦး​လေးကြီး... ကျွန်​​တော်​တို့က စုံ​ထောက်​​တွေပါ.. ဒီ​ကျောင်းက ​ကျောင်းသူတစ်​​ယောက်​အမှုကို စုံစမ်း​နေတာ..
မေးခွန်းတချို့ ​မေးလို့ရမလား.."

ကောင်​​လေးက တံမြက်​စည်းလှည်း​နေ​သော အ​စောင့်​ဦးကြီးကို ​မေးလိုက်​သည်​..

ထို ဦး​လေးကြီးသည်​ သူတို့ နှစ်​​ယောက်​ကို စူးစမ်းဟန်​ဖြင့်​ ကြည့်​​လေသည်​..
အင်း​လေ.. အခုမှ မနက်​ မလင်းတလင်း.. ဘယ်​ရဲကီး​လောက်​အ​စောကြီး စုံစမ်းလို့လဲ..

When You Fall In Love With A Law Student [Completed]Where stories live. Discover now