Chapter 41 : The edge

8.8K 1.3K 17
                                    

ရောင်​​နေဦး ​အေးစက်​​နေ​သော ​ချွေး​စေးများကြားထဲက လန့်​နိုးလာခဲ့သည်​..

တိတ်​ဆိတ်​​နေ​သော ညအလယ်​တွင်​ ​ကြောက်​လန့်​လွန်း၍ ခုန်​​နေ​သော သူ့နှလုံးခုန်​သံကို သူ ပြန်​ကြား​နေရသည်​..

"စုံ​ထောက်​ကြီး.. "

သူ တုန်​ယင်​​နေ​သော နှုတ်​ခမ်းကို သွားဖြင့်​ကိုက်​ကာ ​ဘေးမှ မီးအိမ်​ကို ထွန်းလိုက်​သည်​..
ထို့​နောက်​ ကုတင်​​ပေါ်မှဆင်းကာ အိမ်​​ရှေ့ဧည့်​ခန်းတွင်​ အိ​ပ်​​နေ​သော စုံ​ထောက်​ကြီးကို ​အော်​​ခေါ်ရင်​ ထွက်​သွားမိသည်​..

"စုံ​ထောက်​ကြီး.. စုံ​ထောက်​ကြီး.. "

စုံ​ထောက်​ကြီးက ချက်​ချင်းထကာ သူ့ကို လှမ်းကြည့်​သည်​..

သူ ကျလာ​သော မျက်​ရည်​များကို သုတ်​ကာ စုံ​ထောက်​ကြီးကို ​ခေါင်းညိတ်​ပြ​လိုက်​ပါသည်​..

"​တောက်​.... "

စုံ​ထောက်​ကြီးရဲ့ ​တောက်​​ခေါက်​သံက တိတ်​ဆိတ်​​သော အခန်းထဲ ဟိန်းစွာ ထွက်​​ပေါ်လာခဲ့သည်​..

××××××××××××××××××××××××××××××××××××××

"ဘယ်​လို ဖြစ်​တာလဲ.. "

"ကိုရဲမြင့်​.. ​မေးမ​နေပါနဲ့​တော့.. "

ကုတင်​​ပေါ်ရှိ သနားစရာ ​ကောင်​မ​လေးအ​လောင်းကို ကြည့်​ရင်း ​စောင့်​ကြည့်​တာဝန်​ကျ​ စုံ​ထောက်​​လေး နှစ်​ဦးကို ဆူ​နေ​​သော ကိုရဲမြင့်​ကို ​ပြောလိုက်​သည်​..

"ကိုစစ်​နိုင်း.. ဘာဆက်​လုပ်​မှာလဲ.. "

"ကျွန်​​တော့်​အထင်​ ကျွန်​​တော်​တို့ လိုက်​တဲ့ လမ်းများ မှား​နေတာလား.. "

စစ်​နိုင်း စဉ်းစားရင်း ​ပြောမိသည်​..

"ကျွန်​​တော်​တို့ အခု သူ့ကို ဖမ်းဖို့ကြိုးစား​နေတာ.. မမြင်​ရတဲ့ ​လေကို ဖမ်းဖို့ ကြိုးစား​နေသလိုပဲ..

ပုံမှန်​အားဖြင့်​ဆို ကျွန်​​တော်​တို့ ​နောက်​​ကြောင်းလိုက်​​လေ့ရှိတယ်​မလား..
တရားခံရဲ့ သွား​လေ့ရှိတဲ့​နေရာ.. မိသားစု.. သူ့ရဲ့ Story.. ပြီး​တော့ အသတ်​ခံရတဲ့ သူ​တွေ ကြားထဲက ဆက်​နွယ်​မှု.. အဲ့တာ​တွေနဲ့ တရားခံ ဘာ​ကြောင့်​ လူသတ်​တာလဲဆိုတဲ့ အ​ကြောင်းရင်းကို ရှာတယ်​..

When You Fall In Love With A Law Student [Completed]Where stories live. Discover now