Chapter 42 : Father

8.4K 1.3K 41
                                    

"ဥက္ကဌကြီး မရှိပါဘူးရှင့်​..ခရီးသွား​နေပါတယ်​.. ​ပြောချင်​တဲ့ ကိစ္စမှန်​သမျှ ကျွန်​မဆီကတဆင့်​ ဥက္ကကြီးဆီကို သတင်းပါးလို​ရပါတယ်​.. "

အတွင်း​ရေးမှူးအမျိုးသမီးဆီမှ အ​ဖြေစကား တစ်​ခွန်းနှင့်​ သူတို့နှစ်​​ယောက်​ ဟိုတယ်​မှ ပြန်​ထွက်​လာခဲ့ရ​လေသည်​..

"ကို​ကောင်းစစ်​နိုင်း.... "

ဟိုတယ်​တံခါးမှအထွက်​ ​နောက်​မှ ​ခေါ်သံကို ကြားလိုက်​ရသည်​...

"ကျွန်​​တော့်​ကို အချိန်​ခဏ​ပေးလို့ရမလား.. "

××××××××××××××××××××××××××××××××××××××

"​ထိုက်​ ကို​ကောင်းစစ်​နိုင်းတို့ကို မ​တွေ့ချင်​ဘူး ကို ​ကောင်းစစ်​နိုင်း..

ဒါ​ပေမယ့်​ သူ့ကို အပြစ်​ပြောလို့​တော့မရပါဘူး..
သူ အခုတ​လော ​ဝေခွဲမရဖြစ်​​နေတာ.. "

"ဘာကိုလဲ ကိုဟိန်းမင်း... "

"သူက အပြစ်​သားပါ ကို​ကောင်းစစ်​နိုင်း.. သူ အပြစ်​ခံယူ​နေတာပါ..
ဒါ​ပေမယ့်​ သူ​ဖောက်​ခဲ့တဲ့ ဥပ​ဒေ​တွေအတွက်​​တော့မဟုတ်​ဘူး..

သူအရမ်းချစ်​ရတဲ့သူကို ရစရာမရှိ​အောင်​ ဖျက်​ဆီးခဲ့မိတဲ့အတွက်​ သူ့ကိုသူ မခွင့်​လွှတ်​နိုင်​ဖြစ်​​နေခဲ့တာ.. "

ဟိန်းမင်းက ​ရှေ့တွင်​ရှိ ​အေးစက်​​နေပြီဖြစ်​​သော ​ကော်​ဖီကို တစ်​ငုံယူ​သောက်​လိုက်​သည်​..

"Zero ...

Zero နဲ့ ထိုက်​ ကြားမှာ ဇာတ်​လမ်းတစ်​ပုဒ်​ရှိခဲ့ဖူးတယ်​..

Zero အခုလို လူသတ်​သမားဖြစ်​လာရတာ.. အ​မြဲ ဖုံးကွယ်​ပြီး လူဖြစ်​ရတာမတန်​တဲ့ ဘဝမျိုးနဲ့ ​နေ​နေရတာ ထိုက်​​ကြောင့်​ပဲ... "

ဟိန်းမင်းက ​ရှေ့တွင်​ ထိုင်​​နေ​သော စုံ​ထောက်​ကြီးနှင့်​ ​ဘေးက ​ကောင်​​လေးတို့ကို ကြည့်​လိုက်​သည်​ ..

"သူ Zero အ​ကြောင်း ဘယ်​​တော့မှ ​ပြောမှာမဟုတ်​ဘူး..

တစ်​​နေ့ Zero က သူ့ရဲ့ ကုတင်​​ခြေရင်းမှာ ရပ်​ပြီး သူ့ကိုသတ်​​တော့မယ်​ဆိုရင်​​တောင်​ သူ ဘယ်​သူ့ကိုမှ အကူအညီ​တောင်းမှာ မဟုတ်​ဘူး...

When You Fall In Love With A Law Student [Completed]Where stories live. Discover now