Chapter 43 : Last mission

8.3K 1.3K 50
                                    

သနားစရာ မိန်းမ​တွေ...

သူ နားထင်​မှ ​သွေး​ကြောများ ​ပေါက်​ထွက်​သွားပြီလားထင်​ရ​အောင်​ ​ဖောင်းကား​နေသည်​....
သူ့ရဲ့မျက်​လုံးများသည်​လည်း ​သွေး​ရောင်​များလွှမ်းလျက်​..

သူ အိမ်​သာခွက်​​ထဲ ​ခေါင်းစိုက်​​နေ​သော မိန်းမ၏ လည်​ပင်းကို ကျစ်​ထား​သော သား​ရေကွင်းကြိုးလုံးကြီးဖြင့်​ ​လျှော့လိုက်​ တင်းလိုက်​ ကစားကာ ညှစ်​ပစ်​​နေသည်​...

ထိုမိန်းမ၏ ရုန်းကန်​မှု​ကြောင့်​ ​ရေများအားလုံး ​ဘေးသို့ ဖိတ်​စင်​ကျလျက်​ရှိသည်​..

သူ အားကို ထပ်​တင်​လိုက်​သည်​..
ဒါ အဆုံးသတ်​ပဲ..

သူရှိသမျှအားကုန်​သုံးကို ​ညှစ်​ထား​သော ကြိုး၏ တင်းအားကို အဆုံးထိဆွဲဆန့်​လိုက်​သည်​..
၁၀ စက္ကန့်​အတွင်း သူ့​မျက်​စိ​ရှေ့တွင်​ ရုန်းကန်​​နေ​သော မိန်းမသည်​ ငြိမ်​ကျသွား​လေသည်​...

သူ ​ဒူး​ထောက်​ထားရာမှ ထလိုက်​သည်​..

သူ့ရဲ့မျက်​နှာ​ပေါ်တွင်​ တွဲခို​နေသည့်​ ​ရေစက်​များကို လက်​တစ်​ဖက်​နှင့်​ သုတ်​ပစ်​လိုက်​သည်​...

ထို့​နောက်​ အ​လောင်းကို ပုံစံမပျက်​ထားခဲ့ပြီး ပြန်​ထွက်​ခဲ့​လေသည်​...

××××××××××××××××××××××××××××××××××××××

လောကမှာ လှည့်​စားသူနဲ့ သိသိကြီးနဲ့ လှည့်​စားခံတဲ့သူ..
ဘယ်​သူက အပြစ်​ပိုကြီးလဲတဲ့ ???

ထိုက်​ သူ့ကို လှည့်​စားခဲ့တာ​တောင်​ ထိုက်​အ​ပေါ် မကုန်​နိုင်​​သေးတဲ့ သူ့ရဲ့စိတ်​..

လှည့်​စားခဲ့တဲ့ ထိုက်​ကမှားတာလား...
သိသိကြီးနဲ့ ဆက်​ချစ်​​နေ​သေးတဲ့ သူက မှားတာလား ??

သူမှားတာ..

သူ့အ​မေလို မိန်းမ​တွေကမှားတာ..

သနားစရာ​ကောင်းတဲ့သူ​တွေကသာ မှားတာ..

သူ့​အေမကို သတ်​ခဲ့တဲ့ လူကြီးနဲ့ ထိုက်​ကို သူ အပြစ်​မတင်​ချင်​ပါ..
မိစ္ဆာတစ်​​ကောင်​က မိစ္ဆာ​တွေလုပ်​တဲ့အလုပ်​ကိုပဲ လုပ်​မှာ​လေ...

When You Fall In Love With A Law Student [Completed]Where stories live. Discover now