Memory Of Dubia-2

17.9K 1.4K 33
                                    

Memory Of Dubai -2

သဲမုန်တိုင်းရဲ့ နောက်ဆက်တွဲက ခြောက်ကပ်နေတဲ့ တစ်မြို့လုံးကို သဲမှုန်တွေ ဖုံးလွှမ်းချင် သယောင်ရှိနေသည်၊၊ မိုးမြင့် အထပ်ပေါင်းများစွာ တိုက်တာကြားထဲ မည်သူမျှ မထွက်ရဲ လောက်အောင် အခြေအနေ ဆိုးနေလေသည်၊၊

ထို့အတွက်နှင့် လည်ပတ်စရာ များများစားစား မရှိတော့ပဲ နောက်ဆုံးဘူတာသည် Plam Jumeriah ရေအောက် ဟိုတယ်သာ ဖြစ်တော့သည်၊၊

နေ့လယ်စာ စားပြီးသည်နှင့် Baekhyun နဲ့ Sehun က ငါးတွေကို ကြည့်ပြီး ထုံးစံမပြတ် ဓာတ်ဖမ်းကြသည်ပေါ့၊၊ Chanyeol နဲ့ Kai ကတော့ မင်းသား၏ ဧည့်ခံ ဆွေးနွေးမှုမှာ စိတ်မပါလည်း ထိုင်နေကြသည်၊၊

သဲမှုန်တွေ ထနေသည့် မြို့တော်ကြီးကြောင့် မင်းသားက သူ့ရဲ့ သဘောၤကြီးကို ထုတ်ပြီး မွေးနေ့ညကို ပင်လယ်ပြင်မှာပဲ ကုန်ဆုံးမည်ဟု ပြောကြားလာသည်၊၊

မင်းသား သဘောၤကို သွားစီစဉ်နေခိုက်မှာ Chanyeol နဲ့ Kai က အငယ်နှစ်ယောက်ကို ပြီးစီးသည်အထိ Cafe. တစ်ခုမှာ ထိုင်စောင့်နေကြသည်၊၊

" Chanyeol ... ငါတို့ နိုင်ငံကူး လက်မှတ်တွေမှာ ..."

" အင်း ငါသိတယ် ၊၊ အဲ့တာကြောင့် ငါ့ကောင်တွေကို သိပ်ဝေးဝေးမသွားခိုင်းတာ.. ဟို စကားနားမထောင်တဲ့ နှစ်ကောင်ကိုတော့ ငါတို့မှ လိုက်မကြည့်ရင် မဖြစ်ဘူး"

" အကယ်၍သာ တစ်ခုခုဖြစ်ခဲ့ရင် ငါတို့တော့ လုံးဝအစဖျောက်ပြီးသားပဲ ..."

Chanyeol ရယ်ရင်း ခေါင်းငြိမ့်ပြတော့ Kai ပါ ပြုံးယောင်သန်းလာလေသည်၊၊

" ဟေ့ကောင် တိတ်တဆိတ် ကြံစည်နေတာတော့ မဟုတ်ပါဘူးနော် "

Chanyeol ရယ်ရင်းသာ ပြန်ဖြေလာသည်၊၊

" ဘယ်ကလာ ... အခြေအနေက ဘာမှန်းမသိသေးလို့ ခဏငြိမ်နေတာပဲ ရှိတာ၊၊ အကယ်၍သာ မင်းပြောသလို ဆိုရင်တော့ ... ဘာဆက်လုပ်ရမလဲ မင်းသိပါတယ်"

Kai မီးခြစ်ကို ဖိတ်လိုက်ပိတ်လိုက်နှင့် ငြိမ်သက် သွားပြန်သည်၊၊ ခပ်ဝေးဝေးမှာ တစ်ယောက်ကို တစ်ယောက် ဓာတ်ပုံရိုက်ပေးနေကြသည့် အငယ်နှစ်ယောက်ကတော့ သတိပေးထားသည့်တိုင် အေးဆေး ဖြစ်နေကြ၏၊၊

Unpretty Romance[ ChanBaek ]Where stories live. Discover now