32

50.9K 3.4K 367
                                    


အိမ်​မှာ နားနား​နေ​နေ အိပ်​စက်​ပြီး နိုးထလာရတဲ့
Feeling က ဘာနဲ့မှ မလဲနိုင်​ ။ ပိုပြီး အရသာ
ရှိတာက ဝံပု​လွေအိုကြီးကို မထိတထိသွားစလိုက်
ရတာကိုပင်​... ။

မနက်​ ၁၀နာရီခွဲမှ အိပ်​ရာက ထလာပြီး ​အောက်​ထပ်
ဆင်းလာ​တော့ Byun Mama က ပန်းအိုး​တွေ
အလှဆင်​ပြီး အလုပ်​​တွေများ​နေသည်​ ။

" Baby ... နိုးပြီပဲ !!
နို့ နဲ့ မုန့်​ စားမလား...
နေ့လယ်​စာ ထမင်းပဲ စား​တော့မလား..."

Byun Mama ရဲ့ ခါးသွယ်​သွယ်​ကို ဖက်​တွယ်​ပြီး
ပုခုံး​ပေါ်မှာ မျက်​နှာအပ်​​တော့ မားမားအလှဆင်​​နေသည့်
နေသင်းနံ့ ရှိတဲ့ ​နေကြာ ပန်းအနံ့က နှာ​ခေါင်းထဲဝင်​​ရောက်
လာခဲ့သည်​ ။ ​နေကြာပန်း​တွေကြိုက်​တယ့်​ မားမားရဲ့အနံ့။

(note: ဂရင်း​လေးလည်း ​နေကြာပန်းကိုချစ်​တယ်​😒)

" Baby...အိပ်​ချင်​ရင်​ သွားအိပ်​​လေ "

" မအိပ်​​တော့ပါဘူး...
ထမင်းပဲ ခူး​ပေး​တော့ !
ထမင်း စားမယ်​ ... ဘာဟင်းချက်​ထားလဲ "

" အင်း.. ထိုင်​​စောင့်​​နေ ...
မား ပန်းအိုး​တွေ သွားထားပြီး ခူး​ပေးမယ်​"

"Nae..."

Baekhyun ထိုင်​ခုံ​ပေါ်မှာ ထိုင်​​စောင့်​​နေရင်း
စိတ်​က မ​နေ့ညက ဝံပု​လွေအိုကြီးဆီ​ရောက်​သွားသည်​။
မ​နေ့ညက သူ​တော်​​တော်​ စိတ်​ဆိုးသွားမည်​ထင်​ ။

" Baby ​ရေ မား ဟိုဘက်​​ဘေးအိမ်​ကို
ပန်းအိုး​လေး သွား​ပေးလိုက်​ဦးမယ်​...
ခဏ​စောင့်​​နော်​...."

" ဟုတ်​...​ဖြေး​ဖြေးသွား... "

စားပွဲ​ပေါ် လက်​နှစ်​ဖက်​​ထောက်​ကာ ​မေးတင်​ထားရင်း
ပြန်​​မှေး​နေလိုက်​သည်​ ။ ပုခုံးက​နေ ​လျောကျချင်​​နေတဲ့
တီရှပ်​ပွပွကြီးကိုလည်း ပြန်​ပြီးဆွဲတင်​လိုက်​ရ​သေးသည်​။

တင်း....​တောင်​....!!!

ဟင်​ !

တင်း​တောင်​...တင်း​တောင်​! !!

ဟောဗျာ....

ဘယ်​လိုလူက ယဉ်း​ကျေးမှုမရှိ ဘဲလ်​ကိုအဲ့​လောက်​တီး​နေရလဲ...!!!

Unpretty Romance[ ChanBaek ]Where stories live. Discover now