35

41.1K 3.5K 467
                                    


သတ်မှတ်ထားတဲ့ အဆောက်အဦးကြီးအနားကို ရောက်လာတဲ့အချိန် Baekhyun ထို အစိမ်းရောင် ရောယှက်နေတဲ့ တောင်ကုန်းမြင့်ကြီးကို သူတို့၏ အဆောက်အဦး ကြီးလို့ မထင်ခဲ့ရိုးအမှန် ။

ပေ ၂၀ကျော်မြင့်သည့် အဆောက်အဦးကြီးသည် နရံတွေနဲ့ခေါင်းမိုးတစ်လျောက်မှာ ရေည်ှိစိမ်းတွေ ကပ်ညိနေခြင်းကြောင့် အဝေးကကြည့်လျှင် တောင်ကုန်းကြီးတစ်ခုလိုဖြစ်နေပြီး အဆောက်အဦး ပုံသဏ္ဌာန်မရှိ ။

တံခါးပုံစံနားအရောက်မှာမှ Yixing နဲ့ Chanyeol တို့က Finger Print Sensor Screen ပေါ်မှာ လက်တစ်ဖက်စီတင်ထားလိုက်ပြီး စစ်ဆေးခံသည် ။ Sensor ကနေ Yixing နဲ့ Chanyeol တို့ရဲ့ Wolvering Profile ကို ပြလာပြီး လက်ခံကြောင်း ပြသလာသည် ။

" Baekhyun ... မင်း လက် လာတင် ! "

Chanyeol အပြောထက်အရင် Baekhyun လက်ကိုဆွဲယူပြီး Sensor ပေါ် တင်ပေးလိုက်သည်။ Wolvering ဂိုဏ်းသားဖြစ်သည်နှင့်အညီ Profile ကျလာခဲ့ပြီး အဆောက်အဦး ထဲဝင်ခွင့်ရလာသည် ။

အဆောက်အဦးထဲ ဝင်သွားလိုက်တာနဲ့ ရှေ့တည့်တည့်က elevator ထဲ ဝင်သွားရသည် ။ တစ်ဖြေးဖြေးနဲ့ အောက်ထပ်ကို ဆင်းသွားကြပြီး မကြာလိုက် ရပ်သွားလေသည်။ ဓာတ်လှေခါး တံခါးပွင့်တာနဲ့ မြင်ကွင်းတစ်ခုက မယုံနိုင်ဖွယ်ပင် ။

" Chan....ဒါ...ဘာလုပ်တဲ့နေရာလဲ !! "

" လာခဲ့...ဒီကို "

Chanyeol ခေါ်ရာသ်ို့ Baekhyun သွားလိုက်ပြီး လက်နက်ဓာတုဗေဒပညာရှင် သုံးယောက်လောက် ပြင်ဆင်နေသည့် တာဝေးပစ်ဒုံပျံတစ်စင်းကို သေချာ ပြသပေးနေသည် ။

" ဒါတွေက လိုအပ်လို့လား !?
ဒါမှမဟုတ် ရောင်းဖို့လား..."

" လိုအပ်လို့...ဘာလို့လိုအပ်လဲ ခဏနေသိမယ် ! "

" Omm...မသိရင် ...
ကျွန်တော် မြောက်ကိုရီးယားရဲ့ လက်နက်တိုက်ထဲ ရောက်သွားသလိုပဲ "

တာဝေး ၊ တာတို အမြှောက်လက်နက်ကြီးတွေအပြင် ဓာတုဆေးရည်တွေပါ တီထွင်နေကြသည့်အတွက် မသိလျင် မြောက်ကိုရီယား၏ အနုမြူ လက်နက်စက်ရုံကြီးဆီ ရောက်သွားတဲ့အတိုင်း ခံစားရစေသည်။

အပြင်ပိုင်းအပြင်ဆင်သည် တောအုပ်ကြီးနဲ့ ဆင်တူယိုးမှား ဖြစ်အောင် တမင်ဖန်တီးထားပုံရပြီး အတွင်းပိုင်းမှာတော့ ခေတ်မီလက်နက်ထုတ် စက်ရုံကြီးလိုဖြစ်နေသည်။

Unpretty Romance[ ChanBaek ]Unde poveștirile trăiesc. Descoperă acum