38

47.6K 3.3K 316
                                    


At 10:00 AM

Chanyeol မနက် ၈ နာရီထဲက အိပ်ရာထပြီး Baekhyun နိုးအလာကို စောင့်နေတာ ကြာပြီ။ ၉နာရီရောက်တော့ မနေနိုင်တော့ အရင်မနက်စာ စားပြီးစောင့်နေလိုက်သည်။

၁၀ နာရီ ထိုးလာတော့ မနှိူးလို့မဖြစ်တော့။ သွားစရာမရှိရင် ကိစ္စမရှိပေမဲ့ အငယ်ကောင်ကို ခွင့်ယူခိုင်းပြီး စောင့်ခိုင်းထားတာကြောင့် Baekhyun ကို နှိုးမှ ဖြစ်တော့မည်။

" Baekhyun .... ထ တော့ ဟေ့ ! "

တုတ်တုတ်ပင်မလှုပ်။ တစ်ရှူးရှူး နဲ့ အိပ်ပျော်နေဆဲ။

" Baekhyun ထတော့ ..
ဆယ်ဟွန်းနဲ့ သွားတွေ့ရဦးမယ်လေ "

" အင်း...ဟင်း..."

ညတည်းက မှောက်ရက်အိပ်နေရာကနေ တစ်နေရာမှ မရွေ့ဘဲ အိပ်ပျော်နေကာ ခုထိလည်း ခေါင်းတောင် မထောင်နိုင်။ ခေါင်းအုံးပေါ် မျက်နှာအပ်လျက်နှင့် အင်းအင်း ဟုသာ တုံ့ပြန်ပြောနေသည်။

" Baekhyun... ထတော့ !
ငါ မနက်စာ အတွက် မှာထားပြီးပြီ "

" Chan.... ကျွန်တော် မထနိုင်တော့ဘူး ~ "

Chanyeol စောင်ကို လှန်ပေးလိုက်ပြီး Baekhyun ကို ပက်လက်လေးဖြစ်အောင် ပြင်ပေးလိုက်သည်။ သူမနေ့က တော်တော်ကို များသွားသည်ထင်။

" အဲ့တာကြောင့် ပြောတာပေါ့ !
ငါ နဲ့ မကြာမကြာ ပျော်ပါးပေးရင်
ဒီလို မထ နိုင်တဲ့ အထိ ဖြစ်မလား "

Chanyeol လက်ထဲ ပျော့ဖက်စွာ ပါလာတဲ့ Baekhyun ဟာ ချက်ချင်းမျက်လုံးပွင့်လာပြီး Chanyeol လက်မောင်းကို ခပ်နာနာ ထိုးချ လိုက်တော့သည်။

" မကြာမကြာ... ဟုတ်လား ?? "

" ဟေ့ ဟေ့ ငြိမ်ငြိမ်နေ လေ ! "

ရေချိုးခန်းတံခါးက ကျဉ်းလွန်းတာကြောင့် Chanyeol သတ်ိပေးရင်း Baekhyun ကို သေချာပွေ့ကာ အထဲခေါ်သွားလေသည်။ ရေချိုးကန်ထဲ ချပေးလိုက်ရင်း ရေနွေးနဲ့ရေအေးကို စပ်၍ဖွင့်ချပေးလိုက်သည်။

" ချိုးထားနှင့် အစားသောက်တွေ လာချပေးရင်
ပြင်ထားပေးလိုက်မယ် "

" အင်း "

Baekhyun တစ်ယောက်တည်း ရေချိုးခန်းထဲ ချန်ရစ်ရင်း Chanyeol အပြင်ထွက်သွားသည်။

Unpretty Romance[ ChanBaek ]Where stories live. Discover now