18

61.9K 4K 510
                                    


စနေနေ့နေ့လယ်ပိုင်း ။

Baekhyun အိမ်ပြန်ဖို့အတွက်ပြင်ဆင်ပြီး အလုပ်
တွေများနေပေမဲ့ ညကအကြောင်းက ခေါင်းထဲပြန်ဝင်
ရောက်လာသည်။

အချိန်အတော်ကြာ နမ်းခဲ့ကြပြီး Chanyeol သူ့ကို
မေးခွန်းတစ်ခုမေးခဲ့တယ်...။

" မင်းရဲ့ငယ်ဘဝအကြောင်း ငါသိချင်တယ် "  တဲ့ ။

ထိုမေးခွန်းအတွက် Baekhyun မှာအဖြေမရှိတဲ့အခါ
Chanyeol ရဲ့ မထင်မှတ်ထားတဲ့ စိတ်ပျက်မှုကို
ရခဲ့တယ် ။ ခေါင်းထဲမှာ ဗလာကျင်းနေတဲ့ ငယ်ဘဝ
အကြောင်းကို ကြိုးစားပြီးမှတ်မိဖို့ လုပ်ခဲ့ပေမဲ့ မရခဲ့။

ပြန်အမှတ်မရအောင်လို့ ၃နှစ်လောက် အိပ်မွေ့ချကုထုံးနဲ့
အသက်၁၆ နှစ်ကစပြီး နောက်ပိုင်းငယ်ဘဝအကုန်
မေ့ဖျောက်စေခဲ့တာက ခေါင်းဆောင်သိချင်တဲ့အဖြေကို
မပေးနိုင်ခဲ့ဘူး ။

မနက်ပိုင်းပုံမှန် သင်တန်းလေ့ကျင့်ပြီး ခေါင်းဆောင်နဲ့
မတော်တဆ တွေ့တဲ့အခါမျိုးမှာ မျက်နှာလွှဲသွားခြင်း
ခံရသည် ။ ကိုယ်ကသာ တစ်စိုက်မတ်မတ်လိုက်ကြည့်
နေပေမဲ့ ခေါင်းဆောင်က မမြင်ချင်ယောင်ဆောင်ထားသည်။

ဘာကြောင့် စိတ်ဆိုးနေတာလဲ ၊ ဘာကြောင့်စိတ်ပျက်တဲ့
အမူအရာ ဖြစ်သွားလဲ Baekhyun သိချင်လွန်းလို့
ရူးမတက်ဖြစ်ရသည် ။ သိဖို့ကြိုးစားတိုင်းလည်း အမြဲ
ရှောင်ဖယ်ခြင်း ခံနေရသည်။

Baekhyun ကျောပိုးအိတ်ထဲ အဝတ်အစားတွေ
စိတ်မပါလက်မပါနဲ့ ထည့်နေလိုက်ပြီး အပြင်ထွက်ခဲ့
လိုက်သည်။ တိုက်ဆိုင်လွန်းစွာ အခန်းထောင့်ကနေ
ထွက်ခဲ့တဲ့ Chanyeol နဲ့ တွေ့လေသည်။

သူကပဲ ရှောင်လွန်းလို့လားမသိ ၊ တစ်မနက်တည်းနဲ့
အကြိမ်ရေပေါင်းများစွာ မျက်နှာချင်းဆိုင်တွေ့သည်။

တစ်ချက်သာ ကြည့်ပြီး ရှေ့ဆက်လျောက်သွားတဲ့
Chanyeol ကြောင့် Baekhyun စိတ်ဓာတ်
အကြီးအကျယ် ကျလေပြီ ။

" ခေါင်းဆောင် ... ခေါင်းဆောင် "

ကြားရက်နဲ့ မထူးဘဲ ဆက်သွားနေတဲ့ Chanyeol
ကြောင့် Baekhyun ကျောပိုးအိတ်ကိုတောင်
မလွယ်နိုင် တရွတ်တိုက်ဆွဲပြီး Chanyeol ရှေ့
ပိတ်ရပ်လိုက်သည်။

Unpretty Romance[ ChanBaek ]Where stories live. Discover now