23

53.4K 3.6K 482
                                    


Chanyeol ကားစက်ပြန်နိုးပြီး နေကြာပန်းခင်းကြီးနဲ့
ဝေးရာကို မောင်းလာခဲ့တယ် ။ ဘေးခုံမှာ သူ့ကိုကြည့်ပြီး
ငြိမ်နေတဲ့ ကောင်ငယ်လေးလည်း ပါလာခဲ့တယ် ။

ထားခဲ့ဖို့ ဆုံးဖြတ်ခဲ့တာ ။ လွယ်လွယ်ကူကူ ဆုံးဖြတ်ခဲ့ခြင်း
မျိုးမဟုတ်တာ Chanyeol သာသိသည် ။ သူ့ဘဝရဲ့
အခက်ခဲဆုံး ဆုံးဖြတ်ချက်နဲ့ ရွေးချယ်မှု ဖြစ်ခဲ့သည်။

ဘူဆန်မှာ ရှိနေတဲ့ အိမ်ကြီးဆီကို အရင်မောင်းလာခဲ့ပြီး
ညနက်နေပြီ ဖြစ်တဲ့အတွက် Baekhyun ကို
အနားယူခိုင်းဖို့လိုအပ်သည် ။ လက်အောက်ခံ အဖွဲ့ခွဲတွေ
စောင့်ကြည့်ပေးထားတဲ့ အိမ်ကြီးဆီကို ရောက်လာခဲ့သည်။

ရုတ်ရက်ကြီး အကြောင်းမကြားပဲ ရောက်လာခဲ့တဲ့
ခေါင်းဆောင်ကြီးကြောင့် လက်အောက်ငယ်သားတွေ
ကြောင်အ သွားသည် ။ Chanyeol ကတော့
အကုန်လုံးကို ပြန်ခိုင်းလိုက်ပြီး အိမ်ကြီးထဲမှာ
သူ့နဲ့ Baekhyun သာ ကျန်ခဲ့တော့သည် ။

" ရေအရင် သွားချိုး "

လဲစရာ အဝတ်အစားတစ်ချို့နဲ့ အတူ တဘတ်အရှည်
တစ်ခု ထည့်ပေးလိုက်ပြီး Baekhyun ကို
ရေချိုးခန်းထဲ ထည့်ပေးလိုက်သည် ။

Chanyeol လည်း အကျႌတွေအကုန် ချွတ်ချပြီး
မီးဖိုခန်းက ဘေစင်မှာပဲ ရေဖွင့်ချပြီး မျက်နှာသစ်ချ
လိုက်တယ် ။ စိတ်ရှုပ်တာတွေရော ၊ စိတ်လှုပ်ရှား
နေတာတွေပါ ရောထွေးနေတဲ့ စိတ်အအစဉ်ကို
Boiler မတပ်ထားတဲ့ ဘေစင်က ရေအေးနဲ့
သန့်စင်ပစ်လိုက်တယ် ။

Chanyeol ရေစိုနေတဲ့ မျက်နှာကို မသုတ်ရသေးခင်
Baekhyun က သူပေးလိုက်တဲ့ အဝတ်ကြီးကြီးတွေနဲ့
လဲဝတ်ပြီး ပြန်ထွက်လာခဲ့ပြီ ။

Chanyeol အံဆွဲထဲကနေ ဆေးသေတ္တာဗူးယူခဲ့ပြီး
Baekhyun ကို ထိုင်နေဖို့ ပြောလိုက်တယ် ။

Baekhyun ထိုင်နေရာရှေ့မှာ ဒူးထောက်
ထိုင်ချပြီး Baekhyun ရဲ့ ပုံကျနေတဲ့
ဘောင်းဘီရှည်ကို လိတ်တင်ပေးလိုက်တော့
ဒူးခေါင်း ဖြူဖြူက ပွန်းပဲ့ရာကြီးတွေနဲ့ သွေးတွေ
စိူ့နေကာ နီရဲနေသည် ။

[ ဟိုတလောကလည်း ဘေဘီလေး ဒူးပွန်းထားသေးတာကို😩 ]

Chanyeol အနာတွေပေါ် ဆေးလိမ်းပေးနေရင်း
စိတ်မကောင်းဖြစ်မိသည် ။ ဒီကလေး သူ့ကြောင့်
ဒဏ်ရာဖြစ်တာ အရမ်းကိုများနေပြီ။

Unpretty Romance[ ChanBaek ]Where stories live. Discover now