Finale

51.5K 3.8K 652
                                    

ကျည်ဆန် ဆယ်တောင့် သူ့မှာရှိသေးသည်၊၊

လူဆယ့်လေးယောက်ဆိုတာ မပြောပလောက်သေး၊၊ မသကာ သေရုံပဲပေါ့၊၊ သေရတာက အရေးမကြီးဘူး၊၊ ဒီအခု မသေရင် နောက်တော့ သေရမှာပဲ၊၊

အခုတော့ မသေချင်သေးတာအမှန်၊၊ Chanyeol, နဲ့ အချိန်များစွာ ဖြတ်သန်းချင်တဲ့ စိတ်က ပိုလို့ ပြင်းပြသည်၊၊

သူ့ကို အော်ခေါ်နေတဲ့ လူအနောက် တိုက်ပျက်တွေကြားက ပုန်းလျှိုးကွယ်လျှိုးနဲ့ ရောက်အောင်သွားရသည်၊၊ တစ်ချို့ လူတွေကလည်း လက်နက်အသင့်နှင့် တိုက်အကျိုးအပဲ့ ကြားထဲ လိုက်ရှာနေသည်၊၊

ပထမဆုံးအနေနဲ့ Baekhyun ဘက်က အရင်စပစ်သည်၊၊ တုန်ခါနေတဲ့ လက်ပေမဲ့ တစ်ဖက်လူ၏ သေနတ်ကိုင်သော လက်တွေကို တည့်တည့်မတ်မတ် ပစ်နိုင်တာမို့ Baekhyun ထံ ကျည်ဆန်က သိပ်မရောက်၊၊

ရှေ့မှာရှိတဲ့ အုတ်အကျိုးအပဲ့တွေအနား ပြေးကပ်လိုက်ရင်း ကျည်ကပ်ကို ဖြုတ်ယူကြည့်သည်၊၊ ကျည်လေးတောင့်သာ သူ့မှာ ရှိတော့သည်၊၊

အချိန်ကား ၁၁ နာရီ ၄၈ မိနစ်၊၊

မကြာမီအချိန်အတွင်း နှစ်သစ်ကို ကူးပြောင်းတော့မည်၊၊ နှစ်သစ်မှာ Chanyeol နဲ့အတူ ဖြတ်သန်းချင်ပေမဲ့ အခုအခြေအနေအရတော့ နောက်နှစ်မှ တွေ့ဖြစ်တော့မည် ထင်သည်၊၊

" Light ... မင်း အသာတကြည် ထွက်ခဲ့ရင် လွယ်လွယ်ကူကူ ဘဝကူးခွင့်ပေးမယ် ...
ထွက်ခဲ့စမ်းပါ ၊၊ "

Chanyeol ဂုတ်ချိုး သတ်ခဲ့သည့် JEk club က လူက သူ့ရဲ့ညီဖြစ်သူ၊၊ အငြိုးရှိသလို ရန်ဘက်ဖြစ်သည်နှင့် အညီ၊ သူတို့ကို အဓိက ထောက်ပံ့ပေးနေသည့် JEK ကို တစ်စစိ ဖျတ်ဆီးခဲ့သည်ကြောင့် ယန်းသည်လည်း ယိမ်းယိုင်ခဲ့ရသည်၊ အမျိုးမျိုးသော အကြောင်းပြချက်များနှင့် သူတို့၏ အဓိက ပစ်မှတ်သည် Light ဖြစ်နေမယ်လို့တော့ မထင်၊၊

Baekhyun သည် မှန်ကွဲစမှ မြင်နေရသည့် အခြေအနေအရ လျက်တပြတ်အတွင်း ဘေးနား ရောက်လာသည့် လူကို လက်ကဆွဲကိုင်ကာ မြှောက်ချပစ်လိုက်နှင့် တစ်ယောက်က ကျသွားလေသည်၊၊

ကျသွားသော လူရဲ့ သေနတ်ကို ကောက်ယူရင်း ဒူးဆစ်တည့်တည့် ပစ်ထည့်လိုက်သည်၊၊ အသေ လုံးဝမသတ်၊၊ အသေသတ်တာက စာနာခြင်းတစ်မျိုးပဲ၊ တစ်ချို့က ပြောကြတယ်၊၊ ဒဏ်ရာတွေကို ကြာကြာ မခံစားရပဲ သေသွားစေတာက စာနာခြင်းပဲတဲ့၊၊ Baekhyun. အတွက်ကတော့ သူ့လက်ချက်နဲ့ ဘယ်သူမှ မသေစေရဘူးဟု ရည်ရွယ်ထားသည်မို့ လက်တစ်လော အခြေအနေအတွင်း သူ့ကို တစ်စုံတစ်ရာ တိုက်ခိုက်တာမျိုး မလုပ်နိုင်အောင် ခြေနဲ့လက်၏ အဓိကနေရာမှာသာ ပစ်ခတ်သည်၊၊

Unpretty Romance[ ChanBaek ]Where stories live. Discover now