46

31.2K 3K 172
                                    

ဂန်းနမ်မြို့၏ အလယ်ကျကျ တည်နေရာ၌  ဆိုင်တန်းအတွဲလိုက်ရှေ့ ဗန်ကားအနက်ရောင်တစ်စီး ရပ်ထားသည်၊၊ ဗန်ကားရှည်အထဲ၌ Screen ပေါင်းများစွာက နေရာယူထားပြီး နည်းပညာ ကျွမ်းကျင် လူလေးယောက် ရှိသည်၊၊

Baekhyun အပါအဝင် လူလေးယောက်ဖြစ်သည်၊၊

ဇစ်ဆွဲ hoodie မှ ခေါင်းဆောင်းဦးထုပ်လေးအပြင် အထဲမှ ခေါင်းစွပ်အနွေးလေးနဲ့ နှစ်ထပ် ထပ်ထားသည်က ဆောင်းလယ်၏ အအေးဒဏ်ကို အံတုခြင်းမဟုတ်၊၊ ခွဲခန်းထဲ မဝင်ခင် ကိုယ်တိုင် ကတုံးရိပ်ထားခြင်းသာ ဖြစ်သည်၊၊ ခွဲစိတ်ခန်းမှ ဖြစ်သလိုရိပ်ပြီး ကြိုတိကြိုကြား ထွက်လာမည့် ဆံပင်တို့ကို မကြည့်ခြင်၍ ဖြစ်သည်၊၊

Sehun ၏ ကတုံးဆိုပြီး ဦးထုပ်ဆွဲချွတ်ကာ စနောက်ခြင်း ခံရမှန်း သိပါက Baekhyun လုံးဝပင် ကြိုတင်၍ ကတုံးတုံးထားခြင်း ရှိမည်မဟုတ်ပေ၊၊ Fashion နှင့် ပတ်သက်ပြီး အလေးနက် ထားလွန်းသည့် သူ့အတွက် သိပ်ကို မာနထိခိုက်လွန်းသည်၊၊

အကိုဂျွန်ကို ကူညီပေးမယ့်သူမို့သာ သည်းခံနေရခြင်း ဖြစ်သည်၊၊ ပုံမှန်ဆိုပါက ယောက်ဖတွေ သူငယ်ချင်းတွေ အကုန်ဘေးဖယ်ပြီး သူသေကိုယ်သေ ကတုံးလိုက်တုံး ဖြစ်လိမ့်မည်၊၊

" B4 ... C87 က လမ်းကြောင်းရှာခိုင်းနေပြီ "

" အင်း ... မင်းတို့ သူတို့ကို ကူညီပေးလိုက်!
ငါ ဆေးရုံက အဖွဲ့ကို ကြည့်ပေးနေမယ် "

ကျန်သုံးယောက်က Baekhyun ပြောသည့်အတိုင်း C87 ဘက်ကို ကူညီပေးဖို့ ပြင်သည်၊၊ သူတို့ရှိနေရာက တောင်ကိုရီးယား တစ်နိုင်ငံလုံး၏ CCTV မျက်နှာပြင်များ ဖြစ်ပြီး C87 ရဲ့ လှုပ်ရှားမူလမ်းကြောင်းကို ဖော်ပြပေးရန် ဖြစ်သည်၊၊

Baekhyun ၏ အာရုံသည် ဆိုလ်းတက္ကသိုလ် ဆေးရုံမှ လုံခြုံရေးများမသိအောင် တပ်ဆင်ခဲ့သော လျို့ဝှက် ကင်မရာကနေ ဆေးရုံအတွင်း အခြေအနေကို ကြည့်နေခဲ့သည်၊၊ အရေးပေါ် လူနာခန်းမှ ဆေးပိုက် အသွယ်သွယ်နဲ့ ဂျွန်မြောင်သည် မေ့ဆေးတစ်မျိုးနဲ့ ခုထိသတိလစ်နေဆဲ ဖြစ်သည်၊၊ တာဝန်ကျ ဆရာဝန် အိုဆယ်ဟွန်းက မကြာခဏဆိုသလို လာကြည့်တက်ပေမဲ့ အရေးပေါ်ခန်းမှ မူအတိုင်း အလုပ်များနေသော ဆရာဝန်အဖြစ် ပြေးလွှားနေရသည်၊၊

Unpretty Romance[ ChanBaek ]Where stories live. Discover now