17

55.4K 4.1K 483
                                    

Baekhyun ဆိုတဲ့က​လေးကို ဘယ်​ချိန်​ကစပြီး
သ​ဘောကျ​နေခဲ့လဲ စဉ်းစားကြည့်​ရင်​ လုံးဝ ထွက်​မလာ။
စ​တွေ့တည်းက ​ကောင်း​သော​တွေ့ဆုံခြင်းမဟုတ်​ခဲ့သလို
ပြန်​​တွေ့ဆုံတိုင်းလည်း သူနဲ့ကိုယ်​နဲ့ကြားမှာ အသက်
အန္တာရာယ်​တစ်​ခုက အမြဲလိုလို ရှိ​နေဆဲဖြစ်​သည်​။

ငယ်​ငယ်​က​တွေ့ဆုံ​တော့လည်း နှစ်​​ယောက်​လုံး
အသက်​​ဘေးက လွတ်​ရာထွက်​​ပြေးခဲ့ကြသည်​။

အခုပြန်​​တွေ့​တော့လည်း ကိုယ်​တိုင်​ကိုက ​သေနတ်
နဲ့ ချိန်​ရွယ်​ပြီး ပစ်​ခဲ့ဖူးသည်​။ အဲ့ဒီ့ ကျည်​ဆန်​သာ
မှန်​ခဲ့ရင်​ အခုလိုက​လေးငယ်​မှန်းသိတဲ့အခါ ဘယ်
လောက်​ရင်​ကျိုးလိုက်​မလဲ။

နောက်​ဆုံး ဆုံးဖြတ်​ခဲ့တာ ဒီက​လေးရဲ့ အသက်​အန္တာရာယ်
ကို မစိုးရိမ်​ရ​အောင်​ ကိုယ်​​တိုင်​လည်း ​စောင့်​​ရှောက်​မည်
ဖြစ်​သလို ကိုယ်​မရှိတဲ့အချိန်​ သူကိုယ်​တိုင်​လည်း
စောင့်​​ရှောက်​တက်​​အောင်​ သင်ယူခိုင်းရမည်​ ။

Drama ​တွေထဲကလို မင်းသားက မင်းသမီးကို
အမြဲ​စောင့်​​ရှောက်​​ပေးနိုင်​တဲ့ ရိုးရိုးရှင်းရှင်း ​လောက
မဟုတ်​ ။ လက်​​တွေ့​လောက အ​ရောင်​အစုံနဲ့ မသိ
မမြင်​နိုင်​တဲ့ ​ထောင်​​ချောက်​အပြည့်​က စီးကြို​နေတာ။

ကိုယ့်​ဘက်​က ​ခြေတစ်​လှမ်းမသာထားရင်​ ​ခြေလှမ်း
မ​တော်​ဘဲ ချက်​ချင်း ပြုတ်​ကျနိုင်​သည်​။
အရာရာကို ကြိုတင်​ပြင်​ဆင်​ထားတာ​တောင်
တော်​ရာ မကျတဲ့ ​လောကကြီး အထူးသဖြင့်
ဒုစရိုက်​​လောကအတွက်​ ပိုလို့ထူးချွန်​​နေမှ
ဖြစ်​မည်​ ။

လေ့ကျင့်​ရင်း နာကျင်​မှု​တွေခံစား​နေရတဲ့ Baekhyun
ကို မသိချင်​​ယောင်​​ဆောင်​ပြီး မျက်​နှာလွှဲထားရသည်​။
ဒီလို ​လေ့မကျင့်​ပဲ အ​မှောင်​​လောကမှာ ရပ်​တည်​ဖို့
မဖြစ်​နိုင်​ဘူး.......။

____________________________________

ည ၁၁နာရီ ထိုးတဲ့အထိ Chanyeol အိပ်​လို့
မ​ပျော်​​သေး ။ Musical ​လေးတစ်​ခုကြည့်​မိတာနဲ့
အ​ကြောင်းမဲ့ မျက်​စိ​ကြောင်​​နေတာ​မို့ ကိုယ့်​ကိုယ်​ကို
ချဉ်​လာသည်​။

Unpretty Romance[ ChanBaek ]Kde žijí příběhy. Začni objevovat