6

37.8K 3.5K 255
                                    


ခေါင်းဆာင်နှစ်ယောက်နဲ့အတူ လိုက်ပါလာတဲ့
B4 က ပီတီအဖြာဖြာနဲ့ စခန်းကိုရောက်လာခဲ့
တယ့်အခါ စီနီယာအချို့ကွက်ကြည့်ကွက်ကြည့်
နဲ့ စပ်စုနေကြသည်။

Building 1 ရှေ့ ကားရပ်တာနဲ့ ခေါင်းဆောင်
တွေထက် B4 က အရင်ခေါင်းမော့ရင်ကော့ပြီး
ခပ်ချေချေ မျက်နှာထားနဲ့ ဆိုက်ပိဂိုက်ပိ ဆင်းလာ
တော့သည်။

" ဒီနေ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်
Leader nim ... တို့ "

ခါးကို 90° ထိကုန်းချလိုက်ပြီး ရွှင်လန်းစွာ
ပြောတော့ Leader Kai ကပဲ
ပြန်ပြောဖော်ရသည်။

" ဒီနေ့အတွက် ပင်ပန်းသွားပြီ ... B4!
ရေချိုးထမင်းစားပြီး နောက်သင်တန်းပြန်တက် "

" Nae ! "

Baekhyun ပြန်ဖြေနေပေမဲ့ အကြည့်တွေက
ဂျစ်ကားကို မှီလျက် နေကာမျက်မှန်ကိုဖင်တစ်ပြန်
ခေါင်းတစ်ပြန်လှန်ကြည့်နေတဲ့ Alpha ဆီမှာ။

" သွားပြီ B4! "

"Nae... ကောင်းကောင်းသွားကြပါ "

Chanyeol က လှည့်တောင်ထွက်သွားပြီ
ဖြစ်သည်။ Kai လည်း ထွက်သွားပြီဖြစ်တဲ့
Chanyeol နောက်ကို လိုက်သွားရာ
Baekhyun တစ်ယောက်သာ ရပ်ကျန်
နေခဲ့သည်။

" နည်းနည်းလေးတောင် မချီးကျုးသွားဘူး !
အကျင့်ပုတ် ! နောက်တစ်ခါ wet dream
မက်ရင် ခရီးအဆုံးထိ သွားပစ်မှာ ! ဘာမှတ်😕 "

Main Buildind ထဲ ဝင်သွားပြီဖြစ်တဲ့
Chanyeol ကျောပြင်ကိုကြည့်လျက်
မကျေမချမ်းဖြစ်နေရသည်။

လောလောဆယ် ချဉ်စုပ်စုပ်နဲ့ အောင့်သက်သက်
အနံကြောင့် ကိုယ့်ကိုယ်ကို ပြန်ငုံ့ရင်း အနံ့ရှုမိ
လိုက်ရာ မျက်လုံးနှစ်လုံးပိတ်သွားသည်အထိ
နှာခေါင်းရှုံ ့ မိလိုက်သည်။

" ကတောက်စ် ! ဒီလို နံစော်နေမှတော့
ဘယ်သူက စကားပြောချင်ပါ့မလဲ 😣 "

မနက်ထဲက ပြေးလွှားနေခဲ့ရသည့် စစ်ရောင်
စွပ်ကျယ်လေးက ချွေးတွေနဲ့ စ်ိုရွှဲပြီး အနံအသက်
က လုံးဝမကောင်း။ ချဉ်စုပ်စုပ်နဲ့ ။

လူနဲ့သူနဲ့တူအောင် ရေချိုးဖို့ အဆောက်အဦးကြီး
ထဲဝင်လာပြီး ရေချိုးခန်းလိုက်ရှာရသည်။

Unpretty Romance[ ChanBaek ]Where stories live. Discover now