12

44.2K 4K 352
                                    


တောဝက်ကို သေးသွားပန်းတယ့် B4 ကျေးဇူး
ကြောင့် အပင်ပေါ်မှာ နှစ်ယောက်လုံးပြန်ဆင်း
လို့မရပဲ ထိုင်နေရုံသာရှိသည်။

PT ပြေးရုံပဲမို့ စကားပြောစက်တွေ ၊ ဖုန်းတွေ
ဘာတစ်ခုမှ မယူခဲ့ရတာမို့ စခန်းကို သတင်းပို့
ဖို့လည်းမရ၊ စခန်းက လိုက်ရှာမှပဲရတော့မည်။

အပင်တွေအောက်မှာ ဒေါသမပြယ်သေးတဲ့
တောဝက်ကြီးကလည်း ဟိုဘက်သွားရှာလိုက်
ပြန်ပြေးလာလိုက်နဲ့ သူ့ကိုသေးပန်းသွားတဲ့
ကောင်ကို လိုက်ရှာနေသေးသည်။

Chanyeol သစ်ပင်ခွကြားမှာ ထိုင်ချလိုက်ရင်း
ခြေထောက်တွေက ဆန့်လို့မရ ၊ ချလို့မရတော့
ဒူးတွေ ထောင်ထားရသည်။ Baekhyun
ကလည်း Chanyeol ဒူးထောင်ထားတဲ့ ဂွကြားမှာ
ရအောင် ဝင်ထိုင်သည်။

Chanyeol မကျေနပ်လည်း ဘာမှမပြောနိုင်။
Baekhyun က Chanyeol ကိုကျောပေးပြီး
ထိုင်နေပုံမှာ မသိရင် တစ်ယောက်ရင်ခွင်ထဲ
တစ်ယောက် ဝင်နေတဲ့အတိုင်း ။

Baekhyun ရဲ့ ဂုတ်ထောက်မှာ တောထဲ
တိုးဝင်ခဲ့ရတာကြောင့် ဆူးခြစ်ခံထားရတာတွေက
အစင်းလိုက် ရဲနီနေသည်။

" ဒီဘက်လှည့်စမ်း...."

အပြောထက်လျင်မြန်စွာ Chanyeol လက်
တစ်ဖက်က Baekhyun မျက်နှာကို နောက်
ဖက် လှည့်ယူကြည့်လိုက်သည် ။

" အား.... ဖြေးဖြေး နာ တယ် "

မျက်နှာမှာလည်း အစင်းကြောင်း သုံးခုလောက်က
နေရာယူထားသည် ။ တစ်ခုက အရာထင်ရုံဆိုပေမဲ့
နှစ်က သွေးတွေစို့ချင်နေသည် ။

ဒဏ်ရာတွေ့လည်း ဘာမှမလုပ်ပေးနိုင် ။
စခန်းရောက်မှသာ ဆေးထည့်ပေးနိုင်မည့်
အခြေအနေမို့ ကိုယ့်ဖြစ်ကိုယ်ခံလို့ပဲ
သတ်မှတ် ပေးရမည် ။

" ခဏ မှေး ဦး မယ် "

Chanyeol ရဲ့ ဒူးခေါင်းတစ်ဖက်ကို ဖက်ပြီး
အိပ်ဖို့ ပြင်နေတဲ့ Baekhyun ကြောင့်
Chanyeol ခြေထောက်ကိုဖယ်ဖို့ လုပ်ပေမဲ့
Baekhyun က အသေဖတ်ထားပြီး
လွတ်မပေး ။

" မ အိပ်နဲ့ ... ဖယ် စမ်း ...! "

" ခဏပဲ မှေးမှာပါ ... ဒီလိုမှ မမှေးရင် နေမကောင်း
ဖြစ် မှာ ဆိုးလို ့ ပါ ... "

Unpretty Romance[ ChanBaek ]حيث تعيش القصص. اكتشف الآن