16

51.9K 4K 670
                                    


" မောလိုက်တာ .... သေတာ့မယ်......! "

" အကျင့်မကောင်းတဲ့ ဘိုးတော် လူကို အသက်ထွက်အောင်
  ဟော......ဟဲ ...... မောလို့သေတော့မယ် "

" ပင်ပန်းလိုက်တာ....... နာလိုက်တာ သေမလိုပဲ "

အမျိုးမျိုးကျိန်ဆဲလို့ပြီးမှ နာကျင်နေတဲ့ ခြေထောက်လေးကို
ခြေသလုံးကနေ နှိပ်နယ်ပေးလိုက်ရင်း အရှေ့ကနေ အေး
ဆေးလမ်းလျောက်နေတဲ့ ခေါင်းဆောင်ကြီးကို ဂျိုကြည့်
ကြည့်ပေးလိုက်သည်။

လူကို နမ်းချင်းတိုင်း နမ်းသွားပြီး ရန်ခုန်သံတွေတောင်
မငြိမ်သေးတာကို ကျွန်းအနောက်ဘက်ကို PT ပြေးဖို့
ထွက်ခိုင်းတော့သည်။

သူ့အားကြီးနဲ့ မဟားတရား ဆုပ်ကိုင်ပေးလိုက်တဲ့
နေရာကို ပြန်ကြည့်ရင် လက်ရာကြီးတောင် မြင်ရင်
မြင်ရနိုင်သည် ။

ကိုင်ချင်တိုင်းကိုင် နမ်းချင်တိုင်းနမ်း သွားပြီး
သူမဟုတ်သလိုနဲ့ ရှေ့ကနေ အေးလူလူ
လမ်းလျောက်နေတဲ့ လူကြီးကို နည်းနည်းတော့
အမြင်ကပ်လာပြီ ဖြစ်သည်။

ပြေးနေတာကို အရှိန်တင်လိုက်ပြီး ပိစိလောက်လေး
အမြင်ကပ်နေတဲ့ လူကြီးကိုကျော်တက်လာခဲ့သည်။

" Yaa.... B4....!!! "

မထူးဘူး ။ B4 စိတ်ဆိုးနေတယ် ။

" Baekhyun ....!!! "

လုံးဝ လှည့်မကြည့်ဘူး ။ စိတ်ဆိုးတယ် -_-

" Baekhyun ... မင်းသွားနေတဲ့ လမ်း မှားနေတယ်!! "

အင် ! >.<

" ခဏ ခဏ ပြေးနေလည်း လမ်းကို မမှတ်ထားဘူး !
   မင်းစိတ်က ဘယ်ရောက်နေလဲ "

" ခေါင်းဆောင်ကြီးဆီမှာ :/ "

" ဘာ . . . "

" Arnyi..... ဟိုလေ .. PT ပြေးပြီးရင်
နောက် ဘာတွေ ဆက်သင်ပေးဦးမှာလည်းလို့တွေးနေတာပါ"

ခါးထောက်ပြီး စူးစိုက်ကြည့်နေတဲ့ ခေါင်းဆောင်ကြီး
ကြောင့် ကုပ်ကုပ်လေး ငြိမ်ပြီးရပ်နေရသည်။

" မင်း ဆိုလ်းကို သွားပြီး အမူစစ်တမ်းသွားရှာမှာ
ကိုယ့်ကိုယ်ကို ယုံကြည်မှုရော ရှိရဲ့လား..."

Unpretty Romance[ ChanBaek ]Where stories live. Discover now