28

50K 3.5K 386
                                    

ဆီးနှင်း​တွေ စိုစွတ်​​နေတဲ့ ဝံပု​လွေကျွန်းကြီးရဲ့
တောအုပ်​ထဲ အုပ်​စုလိုက်​ တိုက်​ခိုက်​မှု​တွေ
ဖြစ်​​ပေါ်​နေသည်​ ။ အ​ရောင်​တူဝတ်​ဆင်​ထားတဲ့
အဖွဲ့​တွေ ၈ ဖွဲ့​လောက်​ရှိသည်​ ။

လိ​မ္မော်​ ၊ အနီ ၊ အပြာ ၊ အစိမ်း ၊ အနက်​ ၊ အဝါ
ခရမ်း .... အဖွဲ့ ၈ ဖွဲ့ ခွဲထားပြီး ရှာခိုင်းထားတဲ့
ပစ္စည်းထုတ်​ကို ယူကာ စခန်းချုပ်​ဆီအမြန်​ဆုံး
ပြန်​လာနိုင်​ရန်​ဖြစ်​သည်​။ တစ်​ဖွဲ့နဲ့ တစ်​ဖွဲ့ယူရမဲ့
ပစ္စည်း ချင်းမတူတာ​သောလည်း ကိုယ့်​ပစ္စည်း
မဟုတ်​လျင်​ ဖွတ်​ပြီး​နှောက်​ယှက်​ကြသည်​။

ဤသည်​နှင့်​ တစ်​ဖွဲ့နဲ့ တစ်​ဖွဲ့ တိုက်​ခိုက်​ကြသည်​။

အရင်​​ရောက်​တဲ့ အဖွဲ့က အနိုင်​ရမည်​ဖြစ်​တာ​ကြောင့်
ပစ္စည်းမရ​သေးတဲ့ အဖွဲ့​တွေက ပစ္စည်းရပြီးသားအဖွဲ့
တွေကို ​တောထဲက ဆက်​မထွက်​နိုင်​​အောင်​ အမျိုးမျိုး
နှောက်​ယှက်​​နေကြသည်​ ။

အသင်း​တွေထဲမှာ လိ​မ္မော်​အသင်းက ပထမဆုံး
ပစ္စည်းကို ရှာ​တွေ့ထားသည်​ ။ လိ​မ္မော်​အသင်း
ခေါင်း​ဆောင်​ Somei နဲ့ B4 တို့်​အရင်​ ပစ္စည်း
နေရာကို ရှာ​တွေ့သွားကြသည်​ ။

" ... B4... ဘယ်​ဆိုးလို့လဲ ......
နင်​ အရမ်း တိုးတက်​လာတယ်​ !!
တောလမ်း​တွေလည်း မှတ်​မိလွယ်​တယ်​ "

Somei ရဲ့ ချီးကျုးစကားကြား​တော့ Baekhyun
ပစ္စည်းထုတ်​ထဲက အဓိက​ဆေးပုလင်းဗူးကို ထုတ်​လိုက်
ရင်း ပီတီပြုံး​တွေဖြာ​ဝေသွားသည်​ ။

" ဒီ​တော...ဒီ​တောင်​...ဒီ​ရေ...ဒီကျွန်းကြီးတစ်​ခုလုံးမှာ
ငါ နဲ့ ငါ့အသည်း မသွားဖူးတဲ့ ​နေရာမရှိဘူး.... !! "

" 😮"

" ငါ့အသည်းက ဒီကျွန်းကို နှံနှံစပ်​စပ်
လေ့ကျင့်​​ပေးထားတာ​လေ.... ငါမကျွမ်းစရာမရှိဘူး !! "

Somei ​ခေါင်းညိမ့်​ရင်းသာ ​ထောက်​ခံပြ​နေသည်​။
နေ့လယ်​က​နေ ည​နေအထိ ​ခေါင်း​ဆောင်​ကြီးနဲ့အတူ
လေ့ကျင့်​ခန်းလုပ်​​နေရတဲ့ Baekhyun ကို
တွေ့မြင်​​နေကြမို့ Baekhyun တိုးတက်​လာတာကို
လက်​ခံရမည်​ ။

Unpretty Romance[ ChanBaek ]Where stories live. Discover now