40

39.8K 3.3K 228
                                    


အဆက်​မပြတ်​ ထွက်​​ပေါ်​နေတဲ့ ​သေနတ်​ပစ်​သံက တိတ်​ဆိတ်​​နေတဲ့ ပတ်​ဝန်းကျင်​မှာ အ​နှောင့်​အယှက်​ ဖြစ်​​စေလွန်းသည်​။ ​သေနတ်​ပစ်​သူက ကျည်​ကပ်​ကို တစ်​စက္ကန့်​အတွင်း ​မြေပြင်​က သူ့​ခြေ​ထောက်​​တွေကြား ပစ်​ကျသွား​စေပြီး ခါးမှာလွယ်​ထားသည့်​ ကျည်​ကပ်​​တွေကို ​သေနတ်​အ​နောက်​နဲ့​တေ့ပြီး တစ်​စက္ကန့်​အတွင်း ကျည်​ကပ်​ဝင်​သွား​စေသည်​။ ​သေနတ်​နှစ်​ခုကို တစ်​ပြိုင်​တည်း ကျည့်​ထည့်​​စေပြီး ပတ်​ပတ်​လည်​ ​ရွေ့ လျား​နေသည့်​ ပစ်​မှတ်​​တွေကို ချိန်​ရွယ်​ထားသည်​။

မည်​သူကြည့်​ကြည့်​ ထို​သေနတ်​ပစ်​သမားက ဝါရင့်​ ​သေနတ်​ပစ်​သမားဆိုတာ ခန့်​မှန်းမိကြသည်​။

ပစ်​မှတ်​​တွေရဲ့ အလယ်​မှာ သူရပ်​​နေပြီး ​ရွေ့လျား​နေတဲ့ ပစ်​မှတ်​စတန်း​တွေကြားမှ အနီ​ရောင်​ရှိသည့်​ စတန်းအချို့ ကိုသာ ပစ်​ရသည်​။ ဤသည်​က အဓိကပစ်​မှတ်​ကို ရှုပ်​ရှက်​ခက်​​နေတဲ့ ကြားက မှန်​​အောင်​ ပစ်​ရမည်​သာ။ အနီ​ရောင်​စတန်းကို မထိမှန်​ပဲ သာမာန်​ပစ်​မှတ်​ကို ထိမှန်​ပါက ​သေနတ်​သမား၏ ကျဆုံးခြင်းသာ။

ဒုတိယအကြိမ်​ ပစ်​မှတ်​​တွေက ရထားသံပတ်​လမ်း အ​သေးစားထဲမှာ ပြန်​လှည့်​လည်​​နေသည်​။ အလယ်​က ​သေနတ်​သမားက အဓိကပစ်​မှတ်​ဖြစ်​သည့်​ အနီ​ရောင်​စတန်းကိုသာ မျက်​စိလျင်​လျင်​ထား၍ ​ရွေးချယ်​ပစ်​ရမည်​ပင်​။

မျက်​စိ​ထောင့်​နားက အနီ​ရောင်​တစ်​စွန်းတစ မြင်​သည်​နှင့်​ ညာလက်​က ​သေနတ်​က ဦးတည်​ရာဆီ ကျည်​ဆန်​ကို အ​ပြေးနှင်​​စေသည်​။

ကံမ​ကောင်းစွာဖြင့်​ သူကျရှူံးပြန်​သည်​။

ပထမအကြိမ်​တုန်းက အဓိကပစ်​မှတ်​ နှစ်​ခုကိုသာ သူထိမှန်​ခဲ့ပြီး အခုအကြိမ်​တွင်​လည်း သူမှန်​​အောင်​ မပစ်​နိုင်​​သေး။ ​ရွေ့လျား​နေသည့်​ ပစ်​မှတ်​​တွေကို သူ​သေချာကြည့်​ ထပ်​ပစ်​သည်​။

သူပစ်​​နေတုန်းမှာ အဖြူ​ရောင်​ ​ဖွေးဆုပ်​ဆုပ်​ နှင်းများ သည်းသည်းထန်​ထန်​ ကျလာခဲ့သည်​။ ​ဆောင်းရာသီမှာ အနာရင်းတက်​သည်​ဆိုတာ တစ်​ကယ်​ မှန်​ကန်​​ပေသည်​ဟု သူ​တွေးမိသည်​။ အချိန်​ကြာမြင့်​စွာ ရပ်​​နေပြီး ​လေ့ကျင့်​ထားတာ​ကြောင့်​ ဘယ်​ဘယ်​ဗိုက်​က ချုပ်​ရိုး​တွေက စူး​အောင့်​လာသည်​ကို ခံစားမိ​နေသည်​။

Unpretty Romance[ ChanBaek ]Hikayelerin yaşadığı yer. Şimdi keşfedin