Part - 14 (Zawgyi)

Start from the beginning
                                    

ဒန်နီရယ့် အခန်းပေါက်ကိုရောက်သွားတော့ထုံးစံအတိုင်းပင် အကျင့်ပာနေသော နှလုံးသားကမြင်းရိုင်းတစ်ကောင်လို ခုန်ပေါက်လာပြန်သည်။

ယောက်ျားလေးတစ်ယောက်အား ရည်းစားစကား ပြောရမည့်အဖြစ်သည် ဤမျှစိတ်လှုပ်ရှားစေသည်လား။

အမှန်အတိုင်း ဝန်ခံရလျှင် ယခု အသက်အရွယ်ထိ ကျွန်တော် ရည်းစားမထားဖူးသလို ဘယ်လူသားတစ်ဦးတစ်ယောက်ကိုမှလည်း မြတ်နိုးစွာမချစ်ခဲ့ဖူးပါ ။

ဒန်နီရယ် ကံကောင်းသည်ဟု ဆိုရမည်။ ယောက်ျားလေးတစ်ယောက်အား ရင်ခုန်သွားနိုင်သည်ဟု စိုးစဉ်းမျှ မတွေးခဲ့မိသော ကျွန်တော်သည် ဒန်နီရယ့်အပေါ်တဖြေးဖြေး တိမ်းညွှတ်လာသည့် အတွက်တော့ မိမိဘာသာပင် အံသြယူရသည်။

ကျွန်တော် နှလုံးသားသည် လူလောကထဲကို အမေ မွေးထုတ်လိုက်ကတည်းက ဒန်နီရယ် ဆိုသော တံဆိပ်ကို ခတ်ပေးလိုက်မှန်းမသိအောင်ပင် အချစ်တွင် နူးညံ့စွာပျော်ဝင်နေခဲ့သည်။ ထိုအခြေအနေအတွက် ရှက်စရာလို့ ကျွန်တော်မယူဆမိပါ။

" ဒါဆို.... မင်းက Gay လား ? "

ကျွန်တော့်ခံစားချက်တစ်ချို့ကို သန့်ဝေကို ဝန်ခံမိတဲ့အချိန်က သန့်ဝေသည် ထိုမေးခွန်းကို ကျွန်တော့်အားအံ့သြတကြီး မေးခဲ့တာဖြစ်သည်။

"ဒီလိုပြောလိုက်လို့ ငါ့ကို မင်းကြိုက်သလို ထင်နိုင်တယ် ငါက တိတ်တိတ်ပုန်းခြောက်နေတဲ့ကောင် ဆိုပြီးလည်း မင်းအထင်သေးချင်သေးသွားမယ် ဒါပေမဲ့ ငါ့ကိုယ်ငါမညာချင်ဖူး သန့်ဝေ အချစ်မှာ မျက်စိမပါဖူးဆိုတာမှန်တယ်ထင်တယ် ဘာလို့လဲဆိုတော့ အချစ်ကကျားမ မခွဲခြားပဲအချိန်မရွေး နေရာဒေသမရွေး ပေါ်ပေါက်လာနိုင်တာမို့လို့ဘဲ "

ကျွန်တော် ထိုသို့ ပြောလိုက်တော့ သန့်ဝေ ခေတ္တငြိမ်သွားသည်။ နောက်တော့ ပြုံးသည်။ ထိုအပြုံးသည်ကျွန်တော့် ခံစားချက်အားသန့်ဝေ နားလည်လက်ခံနိုင်သည့် အချိန်တိုင်းပြုံးလေ့ရှိသော အပြုံးတစ်ခုပင် ဖြစ်သည်။

 Way to the stars [Completed] Z+UWhere stories live. Discover now