part-77

9.1K 940 26
                                    

"ကြင်​ယာ​လောင်း Aitaက မူမမှန်​နှလုံးသားပါဝင်​တဲ့ သုံးမျိုးစပ်​သ​န္ဓေသားပါ"

"သုံးမျိုးစပ်​သ​န္ဓေသားရဲ့ မ​ကောင်းတဲ့ ခံစားချက်​နဲ့​ဖောက်​ပြန်​တတ်​ခြင်းကို မူမမှန်​နှလုံးသားက ကာကွယ်​ပေးလိမ့်​မယ်​"

"သူဟာ မူမမှန်​နှလုံးသား​ကြောင့်​ကောင်းမွန်​တဲ့ အကျင့်​နဲ့ ပြည့်​စုံလိမ့်​မယ်​"

"မူမမှန်​သ​န္ဓေသားရဲ့ ပြတ်​သားခြင်းနဲ့ ရဲရင့်​ခြင်းက Defuloကို ထိန်းသိမ်းသူတစ်​ယောက်​အ​နေနဲ့ လွန်​စွာ ပြည့်​စုံ​စေလိမ့်​မယ်​"

"သုံးမျိုးစပ်​သ​န္ဓေသားရဲ့ ကာယရမ္မက်​က မင်းကြီးကို ပြည့်​စုံ​စေလိမ့်​မယ်​"

"နှစ်​ဖက်​လုံးအတွက်​အကျိုးဖြစ်​ထွန်း​စေပါတယ်​"

ထို့​နောက်​အမတ်​ချုပ်​ဟာ​Aita၏​ကြင်​ယာ​တော်​လောင်း​ရွှေ​ပေလွှာကို ဖြန့်​ပြသည်​

"​ရွှေ​ပေလွှာမှာ တင်​သွင်းထားတဲ့ ဘဝအကျဉ်းချုပ်​အရ သူ့ရဲ့​နေ့ရက်​တွေမှာ Siaမပါတဲ့​နေ့မရှိဘူး"

"​မွေးဖွားရခြင်းသ​န္ဓေရဲ့ မ​တော်​တဆ လွဲမှားမှု သ​န္ဓေဆိုးနှစ်​မျိုး​ကြောင့်​ပတ်​ဝန်းကျင်​မှာ​ပျော်​စရာမ​ကောင်းတဲ့ အချိန်​တွေများ​နေ​ပေမယ့်​သူ့ရဲ့ကိစ္စအလုံးစုံမှာ Sia မပါဝင်​တာမရှိဘူး"

"ငယ်​ငယ်​ကတည်းက Siaရဲ့ ချစ်​ခင်​ရင်းနှီးမှုကို ရရှိပြီးသား ကြင်​ယာ​တော်​လောင်းမို့ နှစ်​ဦးကြားဆက်​ဆံ​ရေး ပဋိပက္ခနည်းလိမ့်​မယ်​"

"Aitaက Siaကို တခြားကြင်​ယာ​တော်​တွေ အားလုံးထက်​ကျေနပ်​စေလိမ့်​မယ်​"

"မြင့်​မြတ်​တဲ့ မျိုးရိုးနဲ့​ထက်​မြတ်​တဲ့ အနီ​ရောင်​သွေးမို့​နောင်​နန်းဆက်​ရတနာကို ပိုပြီး အလားအလာ​ကောင်း​စေလိမ့်​မယ်​"

"ထို့​ကြောင့်​Aitaကို ကြင်​ယာ​တော်​ကြီးအဖြစ်​တင်​မြှောက်​ရန်​ခုံအမတ်​အဖွဲ့က​ထောက်​ခံပါတယ်​"

ထို့​နောက်​Aitaဟာ ဘုတ်​အမတ်​များ၏ ဆန္ဒမဲများနှင့်​အတူ Siaနဲ့အတူ နန်းတတ်​ပွဲကို လွတ်​လွတ်​ကျွတ်​ကျွတ်​ဆင်​နွဲရသည်​

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now