part-61

10.4K 1K 39
                                    

Asho​ရောက်​လာ​သောအခါ Baku ဟာ စုတ်​တံ​လေးနဲ့ စာလုံးအသစ်​တွေ အ​ရေး​လေ့ကျင့်​နေပါသည်​

Asho​ရောက်​လာသည်​မို့​တော်​ဝင်​သင်​တော်​ထိန်း​က Baku၏ သင်​ကြားခြင်းများအား ရပ်​တန့်​ပေးသည်​

ထို့​နောက်​ထွက်​သွား​ပေးသည်​

Bakuဟာ စာ​ရေးရင်း အိပ်​ငိုက်​နေရှာသည်​

ပန်းချီလည်းဆွဲရသည်​
ပန်းလည်းထိုးရသည်​

ပန်းအလှဆင်​တာလည်း သင်​ရသည်​

​ကျောက်​မြတ်​ရတနာ​တွေကိုလည်း ခွဲခြားသန့်​စင်​နည်းကို​ပြေးပြီးသင်​ယူရ​သေးသည်​

ကဗျာကလည်း ရွတ်​ဖတ်​ရ​သေးသည်​
ကဗျာလည်း စပ်​ပြရသည်​

နှုတ်​လွတ်​ကဗျာရွတ်​ခိုင်းလျှင်​Bakuဟာ ကန်​ရေပြင်​အတွင်း​ရေများ​လောင်​ကျွမ်း​နေပါသည်​ဟု​သော စာ​ကြောင်းများလို မဟုတ်​က ဟုတ်​ကကို အရင်​အစချီပြီး ပါးစပ်​ထဲ​တွေ့ရာ ရွတ်​ပြပါသည်​

လက်​တန်း ကဗျာ​ရေးတိုင်း Baku၏ ရမှတ်​ဟာ အမြဲတမ်း သုညပါ

Baku​လေးဟာ နန်းတွင်းကြီးထဲ​ရောက်​ခါမှ တစ်​သက်​လုံး မသင်​ရ​သေးသည်​အရာများကို ဖိသိပ်​ပြီး​ခေါင်းထဲထည့်​သွင်း​နေရရှာသည်​

စာလုံးများ​ရေးချိန်​ရောက်​လျှင်​တော့ Bakuဟာ ခုံ​ပေါ်တက်​တက်​ပြီး​မှောက်​အိပ်​နေတတ်​ပါသည်​

အနက်​ရောင်​ဖန်​သားပြင်​စာ​ရေးစားပွဲကြီးဟာ သူ့အတွက်​အိပ်​ယာကြီးလိုပင်​

ချည်​လုံးများကြားထဲလည်း အိပ်​သည်​
​ရောင်​စုံ စုတ်​ဆေးများကြားထဲလည်း အိပ်​သည်​

Baku​လေးဟာ Shouyu သင်​တော်​ရေး​ကျောင်းမှ ဆရာကြီးများနှင့်​အခန်းထဲမှာ အချိန်​တိုင်း တစ်​ယောက်​တည်း​တစ်​လှည့်​စီ စာ​ရေး စာဖတ်​လုပ်​နေရသည်​မို့ ပျင်း​နေရှာသည်​

Baku​လေး အထီးကျန်​ပါသည်​

"Asho~~~"
"Baku ပျင်းတယ်​~~~"
"စာ​ရေးရင်​အနားမှာ​နေ​ပေးပါလား~~~"

Bakuဟာ သူစာသင်​ချိန်​Ashoကို သူ့အနားထိုင်​နေရန်​ပြောသည်​

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now