part-5

13.8K 1.1K 2
                                    

"သခင်လေး Asho"
"ဘယ်လို စီစဉ်ပေးရပါမလဲ"

ခန်းနားကျယ်ဝန်းသော အနက်ရောင် အဆောင်ကျယ်ရဲ့ အလယ်----

"အခု ပို့လာတဲ့ သူတွေက သခင်လေးနဲ့ တန်းတူ အထက်တန်းစား အငယ်တန်း သန့်စင်သူတွေချည်းပါပဲ"

တန်ဖိုးကြီး ဝတ်စုံပြည့်ကို ခန်းနားစွာ ဝတ်ဆင်ထာသည့် ချောမောပြေပြစ်သော မျက်နှာရှိသည့် ထိုလူဟာအကျပ်အတည်းငယ် တစ်ခုဖြစ်နေတယ်

×××

Asho (အားရှိုး)

Ashoဟာ ခက်ထန်မှု မာကျောမှု တစ်လောကလုံးနဲ့ တစ်ယောက်ဆိုသလို သီးသန့်ဆန်ဆန်နေသည်... ကြွယ်ဝမှုရှိပြီး Defuloလောကရဲ့ အရှင်သခင်လိုပင် ရိုင်းပျမှု တို့ပြည့်ကာ ထိပ်တန်းဆန်ဆန် လူသားတစ်ယောက်ဖြစ်သည်

"သခင်လေး အလိုရှိရာ တစ်ယောက်ကို အဆင်သင့် ရွေးလိုက်ရုံပါပဲ"

အိမ်တော်ထိန်းရဲ့ အသံကြောင့် Asho အနားယူနေတဲ့ သူရဲ့မျက်ဝန်းတွေကို ဖွင့်လိုက်သည်.... ထို့နောက် Ashoအဝေးက နာရီချိန်သီးကို လှမ်းကြည့်ရင်း အချိန်များစွာကုန်စေသည်.. ခပ်စူးစူး မျက်လုံးရောင်-- ခပ်နက်နက် မျက်ခုံး-- ဖြောင့်စင်းနေသော နှာတံအောက်က နူတ်ခမ်းပါးတစ်ခုနှင့် ထက်မြတ်သော သူ့ဦးနှောက်က အကြံအစည်တစ်ခုကို လှုံ့ဆော်နိုးထနေတယ်

Asho သူခန္ဓာကိုယ်ကို ကြွလိုက်တယ်... နောက်တော့ သူခန္ဓာကိုယ်ပေါ်က ဝတ်ရုံကို ချွတ်ပြီး အနားးက အစေခံကို ပေးလိုက်တယ်... ပတ္တမြားရောင် ပန်းကနုတ် အမျှင်တန်းတို့အပေါ် Asho ဖြတ်လျှောက်လိုက်တယ်

မြင့်မားသောအရပ်နဲ့ သုံးလုံးဖြုတ်ထားသော ရင်အုပ်ကျယ်ကျယ်အောက်က အသားဖြူဖြူတို့ဟာ အနက်ရောင်လွင်ပြင်ထဲက နို့နှစ်ရောင် ဝတ်ရည်လှိုင်းတွေလို ဖောင်းကြွနေတယ်... ပန်းနုရောင်လက်ဖျားတွေဟာ သူ့ရဲ့တင့်တယ်သော ခြေဖဝါးတွေနဲ့တောင် ထပ်တူကျနေတယ်.. ဒါပေမယ့် သူ့မျက်နှာကတော့ ဘယ်တော့မှအရာရာကို နူးညံ့မှု မရှိတတ်သလို ပြတ်သားမှုနဲ့ရက်စက်မှုတို့အထက်မှာသာ ပျံဝဲနေလေ့ရှိတယ်

Asho ဖြည်းညင်းစွာ သူ့အခန်းလိုက်ကာစကို လက်နှစ်ဖက်နဲ့ဆွဲဖွင့်လိုက်သည်... အနက်ရောင် မျက်ဆံတွေနဲ့ အဝေးက နှင်းစက်တွေကို ကြည့်လိုက်တော့ အလှဆုံး အခန်းနားဆုံး Defulo လောကကြီးဟာ ချယ်ရီပန်းတို့နှင့် ပြည့်နေပြန်ပြီ... Asho အနောက်ပြန်လှည့်ပြီး အိမ်တော်ထိန်းကိုစေခိုင်းလိုက်သည်... သူ့ရဲ့စေခိုင်းမှုကို စောင့်ဆိုင်းနေသော လူကို Asho လှမ်းပြောလိုက်သည်

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now