part-64

9.8K 1K 11
                                    

မြို့ငယ်​လေး​ရောက်​သောအခါ Ashoတို့​လျှောက်​သွားကြသည်​

လူများထူပြီး​ဈေးဟာ စည်​ကားလှပါသည်​

လိင်​မြို့​တော်​လောက်​ကြီးကျယ်​ခမ်းနားမှု မရှိ​သော်​လည်း နန်း​တော်​အရှိန်​အဝါ​ကြောင့်​ကုံလုံပြည့်​စုံ​နေပါသည်​

နန်း​တော်​အနီး၌ ရှိ​နေ​သော​ကြောင့်​လည်း လိင်​မြို့​တော်​လို​ပျော်​စရာအ​ပေါင်းစု​ဝေးကာ ဆူညံပွက်​လောရိုက်​ပြီး စည်းကား​နေခြင်း မရှိရသည်​ဖြစ်​ကောင်း ဖြစ်​လိမ့်​မည်​

​အေးချမ်း တိတ်​ဆိတ်​ပြီး စားစရာမျိုးစုံ စား​သောက်​ဆိုင်​ကြီးများနှင့်​လူကုံတန်​ပိုးထည်​အထည်​အလိပ်​အ​မွှေးကြိုင်​အလှအပ အသုံး​ဆောင်​ပစ္စည်းများစွာရှိပြီး​အေးချမ်းတည်​ငြိမ်​သော အရပ်​မို့ ရတနာပွဲစားများ​လည်​စု​ဝေးကြသည်​

Simနဲ့ Ashoဟာ ခပ်​ငြိမ်​ငြိမ်​အရပ်​က ကုန်​သည်​ထံမှာ​ရောက်​နေကြသည်​

"ကျွန်​တော်​တို့က အ​ရှေ့အိန္ဒိယက လာတာပါ~~"

ထိုသူဟာ လှပသည်​မျက်​ဝန်းများရှိသည်​

ခပ်​ပြာပြာ မျက်​ဝန်းနှင့်​အနီ​ရောင်​နှုတ်​ခမ်းများလည်း ရှိသည်​

မျက်​နှာ​ပေါ်မှ ပါးသိုင်း​မွှေးများနှင့်​အတူ မတူညီ​သော ဝတ်​စားပုံရှိပြီး ငယ်​ရွယ်​သည်​

ရတနာ​ကျောက်​များကို​ကြွေအိုးအတွင်းမှ Sim လက်​တစ်​ဆုပ်​နှိုက်​လိုက်​သည်​

Asho အနားကပ်​ကြည့်​လိုက်​သည်​

"​စိန်​တွေမလား"
"အများကြီးဝယ်​ပြီး ဘာလုပ်​မလို့လဲ"

"ဘာလုပ်​လုပ်​ပေါ့"
"မင်း လျှာရှည်​လိုက်​တာ!!"

ထို့​နောက်​Simဟာ ထို​ကြွေအိုး​လေးအတွင်းမှ စိန်​များကို ယူရန်​ပြောလိုက်​သည်​

"ဒီဟာကို ရတီ တန်​ဖိုးတွက်​ပေးပါ~~"

ရတနာကုန်​သည်​ဟာ စိန်​၏ ရတီများကို တစ်​ခုဆီတွက်​ပေးသည်​

တန်​ဖိုးက မူရင်းထက်​သုံးဆ​လောက်​ကျ​နေ​သော​ကြောင့့် Asho မျက်​လုံးပြူးသွားသည်​

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now