part-36

9.1K 945 7
                                    

××××

သူတို့အတွက် ပေါင်ဒါမလိုပါ

စံအိမ်ရှင်က အလကားထုတ်ပေးသော အလှအပ ပစ္စည်းများကိုသာ သုံးသောကြောင့် ပြောင်ပြောင်ဝင်းဝင်းလေး ဖြစ်နေသည့် မျက်နှာလေးပေါ်၌ရှိသော နှုတ်ခမ်းပါးလေးပေါ်သို့ အရောင်တင်ဖို့ ပန်းနုရောင် အဆီတစ်မျိုးသာလိုပါသည်

မျက်နှာပြင်ဆင်ခြယ်သမှုဟာ လိင်လုပ်သားတို့အတွက် အရေးမကြီးပါ

ကိုယ်သင်းရနံ့သာလျှင် ပဓာနကျပြီး အနက်ရောင်မျက်ခုံးများနှင့် နှာတံလှလှများရှိနေလျှင် လိင်လုပ်သားတစ်ဦးအတွက် အကြမ်းဖျင်းပြင်ဆင်မှုက ပြီးပြည့်စုံပြီးပါသည်

လှပသော ရောင်စုံ ပိုးထည်ဝတ်ရုံလွှာပါးအောက်က ကိုယ်ခန္ဓာကို အမျိုးမျိုးသော အမွှေးရနံ အဆီခဲများဖြင့် တန်ဆာဆင် အသုံးပြုထားလိုက်မည်ဆိုလျှင် ပျားပိတုန်းပင် အနားမှမခွာနိုင်ဖြစ်သွားလိမ့်မည်

မွှေးကြိုင်ထုံသင်းနေသော လိင်လုပ်သားတို့၏ ပြင်ဆင်ရာ MaKu၏ အနီရောင် အတွင်းဗိမာန်ဆောင်တော်ကြီး တစ်ခု၌ ယခုလက်ရှိ---

အဝတ်အစားလဲနေသူများလည်း ရှိသလို---
အလှအပ အဆင်တန်ဆာ နားကပ်နှင့် လက်ဝတ်ရတနာ တပ်ဆင်နေသူများလည်း ရှိသည်

ခြေသည်း လက်သည်း မျက်လုံးအလှပေါ်လွင်စေဖို့ လိမ်းခြယ်နေသူများလည်း ရှိသည်

ဖြီးလိမ်းနေသူများဟာ မကြာခင် လထွက်လာတော့မည်ဖြစ်သဖြင့် အသင့်ဖြစ်နေလောက်ပြီ ထင်ပါ၏

ထိုစဉ် ချစ်စရာမျက်လုံးဝိုင်းလေးများနှင့် လိင်လုပ်သားလေး Kuku အလှပြင်နေရင် အစ်ကိုဖြစ်သူကို လှမ်းမေးလိုက်သည်

"Sora~~!!
"အမွှေးဆီ ရှိသေးလား"
"ငါ့ လည်ပင်းမှာ လိမ်းချင်လို့"

Sora ဆိုသည်မှာ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် လူမိုက်မျက်နှာပေးရှိသော အကြီးတန်း လိင်လုပ်သား ဖြစ်သည်

Sora ဟာ အသက်အကြီးဆုံးဖြစ်ပြီး သုံးမျိုးစပ်သန္ဓေသားဖြစ်သည်

ထို့ကြောင့် မူမမှန်သန္ဓေသားကဲ့သို့သော သန်မာသည့် အားအင်နှင့် နုနယ်သွယ်လှသော မျက်နှာ ပေါင်တံ လက်ချောင်း တို့ရှိသူဖြစ်သည်

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now