part-4

16.2K 1.2K 4
                                    

Baku (ဘာ့ကု)

နှစ် နှစ်ဆယ်ကြာ----

ပျော်ရွှင်စရာကောင်းတဲ့ လောကကြီးမှာ Bakuဆိုသည့် ကောင်လေးကို မွေးဖွားခဲ့သည်

လောကဟာထူးဆန်းပြီး နတ်ဘုရားတို့ ဖန်ဆင်းသော ပျော်စရာများနှင့်သာ ပြည့်နေသည်... တူညီတဲ့လူတွေနဲ့သာလျှင် ဖွဲ့စည်းထားသော်လည်း တူညီတဲ့ပျော်ရွှင်မှုများတော့ မရကြပေ

ဆူညံသံတွေ~~~

အော်ဟစ်သံတွေ~~~

လောင်းကြေးထပ်သံတွေကြားက တိတ်ဆိတ်သော ငိုသံတွေဟာ ပျောက်ကွယ်နေသည်

Defulo ဆိုတဲ့မြို့က Grafifty ဇာတ်ရုံကြီး အောက်ခြေ မြေတိုက်ထဲမှာ Baku ရောက်နေသည်.... အပြစ်တစ်ခုလုပ်ထားမိတယ်ဆိုပြီး သံတိုင်တွေကြားမှာ သံကွင်းတွေနဲ့ ချိတ်ထား၏

ပိန်ပိန်သေးသေး နုနယ်တဲ့မိမိအသားလေး ပွန်းသွားမှာကို Baku ကြောက်ရွံ့နေသည်

အရမ်းကိုနာကျင်ပြီး သွေးစက်တွေနဲ့ ထိတွေ့ရမှာစိုးလို့ သူတို့ခိုင်းသလိုငြိမ်နေပြီး ဆူဆူညံညံနဲ့ လွတ်မြောက်ခြင်းကို Baku အားမထုတ်ရဲပေ

လက်ချောင်းလေးတွေက တုန်ယင်နေလွန်းလို့ လက်ကသံကြိုးနဲ့မြေပြင်ထိပြီး အသံထွက်လာမှာကိုတောင် Bakuကြောက်ရွံ့မိတယ်

"a--"

Baku တုန်နေတဲ့သူလက်ဖျားကို နောက်တစ်ဖက်နဲ့ ဖက်ခနဲဆုပ်ပြီး ငြိမ်အောင်လုပ်လိုက်တယ်... မျက်ရည်နဲ့ ကျဆင်းလာတဲ့ ချွေးစက်တွေက သူ့ကိုအမှောင်မှာ ပိုကပ်နေစေတယ်.... Bakuအနားမှာ Bakuလိုပဲ ဖမ်းထားတဲ့ လူတွေအများကြီး ရှိနေသည်

ဒါပေမယ့် Bakuက သူတို့နဲ့ မတူဘူး
Defulo က သန်မာတဲ့လူတွေထဲမှာ Bakuမပါဘူး

Bakuဟာ Defuloမှာ သေဆုံးသွားတဲ့ မိဘတွေရဲ့အကြွေးကိုဆပ်ဖို့ မွေးကတည်းက အလုပ်လုပ်နေရတဲ့ အထိန်းသိမ်းခံကောင်လေးပါ

×××××

Defulo (ဒယ့်ဖူလို)

Defulo လောကမြေကြီးမှာ မွေးဖွားလာသောသူတွေဟာ နှင်းပွင့်လိုဖြူသော ယောက်ျားတွေသာလျှင်ရှိသည်

မိန်းကလေးမရှိတဲ့ သူတို့လောကမှာ မျိုးဆက်ပွားဖို့ သွေးဖန်ပြွန်သန္ဓေသားများကို အသုံးပြုသည်

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now