part-39

8.9K 1K 18
                                    

"အရှင်မင်းကြီး"
"မင်းသား Sia Jim ရောက်ပါပြီ~~"

"ဝင်လာခိုင်းလိုက်~~"

ခဏအကြာ အထပ်ထပ်သော ပတ္တမြားရောင်ပြောင်နေသည့် တံခါးမကြီးများ အလွှာလိုက် တစ်ဆင့်ချင်း ပွင့်ဟသွားသည်

အနက်ရောင် ပန်းကနုတ်နှင့် အစိမ်းပုတ်ရောင် ပိုးဝတ်ရုံရှည်ကို ဆင်မြန်းထားသော Jim ဟာ လျင်မြန်သွက်လက်စွာပင် အထဲကိုဝင်လာပါတယ်

သွက်လက်မှု ချက်ချာမှု တိကျမှု ရဲရင့်မှုတို့နှင့်ပြည့်စုံကာ ကြင်ယာတော်ကြီးနှင့် ဘုရင်တို့၏ နှစ်ဦးစလုံးမှ သန့်စင် မြင့်မြတ်သောတော်ဝင်သွေးသားတို့ စီးဝင်နေသည့် မင်းသားJim

Jim အခန်းဝကို ရောက်တာနဲ့ ကြမ်းပြင်ပေါ် ဒူးထောင်ထိုင်ချလိုက်ကာ နဖူးကိုမြေပြင်သို့ ဦးတိုက်ထိပြီး အရိုအသေပေးလိုက်တယ်

"အိမ်ရှေ့စံ Sia-Jim အရိုအသေပြုပါတယ်"
"ခမည်းတော်"

Siaဟာ ကြမ်းပြင်မှာ ပြားပြားဝပ်နေသော သားတော်ကို ကျေနပ်စွာ လှည့်ကြည့်ပြီး ပြုံးတယ်

တောင်ကုန်း တောင်တန်းများလို အထပ်ထပ် လှေကားများ လျှောက်လမ်း ဝရံတာငယ်များဖြင့် လှပစွာစိုက်ပျိုးထားသော ပန်းဥယျာဉ်ကြီးထဲမှာ Sim ဟာ ကတ်ကြေးတစ်လက်ဖြင့် လမ်းလျှောက်ရင်း ပေါင်းသင်နေတယ်

Jim ထလာပြီး ခပ်မြန်မြန် လမ်းလျှောက်သွားလိုက်တယ်

Jim အောက်ကနေ Sim ကို လှမ်းအော်လိုက်တယ်

"Sim"
"မင်း Papa အပင်တွေ ညှပ်နေပြန်ပြီလား~~!!"

Sim ဟာ ကတ်ကြေးကို လက်နဲ့ လှည့်ရင်း ဂရုမစိုက်သလို လှည့်ကြည့်တယ်

Sim ပြန်ပြောလိုက်တယ်

"ဘာဖြစ်လဲ~~"

Sim ဟာ ပျင်းလာလျှင် သူ့အဖေ ကြင်ယာတော်ကြီး Aita ၏ ပန်းများကို စိတ်ကူးပေါက်ရာ ကတ်ကြေးနဲ့ လိုက်ညပ်သည်

ပြီးလျှင် Sim ပျောက်သွားပြီး Jim အဆူခံရသည်

နန်းတတ်မင်းသားဖြစ်သည့်အတွက် Jim ဟာ ဖခင်များ၏ အဖိုးတန်ရတနာ မဟုတ်သော အရာများကိုပါ စောင့်ရှောက်ရသည်

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now