part-32

9.7K 1.1K 49
                                    

"တောက် တောက် တောက် တောက်~"

"Baku လေး လက်ဖက်ရည် သောက်မလား"

Baku အား မေးရင်း ကြင်ယာတော်လေးဟာ Baku ကို ရေနွေးပူပူလေးငှဲ့ပေးသည်

Baku ရဲ့မျက်လုံးစိမ်းများဟာ အဖြူရောင် ကြွေပန်းကန်လုံးလေးထဲက လက်ဖက်စိမ်းလေးများလို လှပစွာ အရည်တလဲ့လဲ့ တောက်ပနေပါတယ်

"Baku က ချစ်စရာလေးပဲ~~"

ကြင်ယာတော်Moonဟာ ထို့နောက် Baku ကိုပြုံးရင်း သူ့ရဲ့ ရီဝေဝေ မျက်လုံးလေးများဖြင့် ကြည့်နေတယ်

ကြင်ယာတော် ပိုက်ကွက် လက်အိတ်လေးကို ချွတ်နေပါတယ်

Moshi Baku အနားမှာ မတ်တပ်လေး ရပ်ပြီး မသိမသာ ငေးကြည့်နေမိတယ်

ဖော့ဖယောင်းလို ဖြူဝင်းသော ထိုလက်ကလေးများလောက်လှသည့်အရာ လောကမှာ မရှိနိုင်တော့ပါ

ဟင်မ်--

Moshi ဟာ အမှတ်မထင် ကြင်ယာတော်ငယ်လေး လက်က အနီရောင် တတ်တူးဝိုင်းလေးကို မြင်သွားတယ်

တတ်တူး--

အနီရောင်အကွင်းလေးထဲက စြင်္ကာလို အရာနှင့် တတ်တူးပုံလေး

ထို့နောက် ဝတ်ရုံလွှာ လျောကျသွားလို မမြင်ရတော့ပေ

Baku ဟာ အစိမ်းရောင် ပိုးဝတ်ရုံလွှာလေးကို ဝတ်ဆင်ထားပြီး လွန်စွာပင် သေးငယ်လွန်းလှပါသည်

အရောင်ဆိုးထားသော ငွေမှင်ရောင်ဆံပင်လေးများအောက်က မျက်နှာလေးဟာလည်း သေးသေးလေးပါ

"ဒီကို လာပါဦး Baku~~"

ကြင်ယာတော်Moonဟာ သူ့ထိုင်နေရာ ပိုးဖဲကတ္တီပါ အခင်းပေါ်ကနေ လှမ်းခေါ်လိုက်တယ်

နူးညံ့သော ပွင့်ဖက်လွှာလို့ ရွှေရောင်ဝတ်ရုံတော်အတွင်းမှ တိုးထွက်လာကာ ကမ်းလှမ်းလာသော လက်ချောင်းလေးများကို Baku ကြည့်နေမိသည်

Baku ဟာ Moshi ကို မော့ကြည့်ပြီး မတ်တပ်လေး ရပ်လိုက်တယ်

ထို့နောက် Baku ဟာ ဒူးလေးထောက်ပီး ကြင်ယာတော်Moon၏ ရင်ခွင်ထဲကို မှီလိုက်တယ်

ကြင်ယာတော် Moonဟာ Baku ကို ရင်ခွင်ထဲမှာ နွေးထွေးစွာ ဖက်ထားလိုက်တယ်

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now