part-17

10K 964 7
                                    

×××××

Baku ကို အိမ်​​တော်​ထိန်းက ​ခေါ်ယူကာ စား​ကောင်း​သောက်​ဖွယ်​ ပြင်​ဆင်​ထား​သော ​နေရာကို ပို့​ပေးတယ်

နီ​ကြောင်​​ကြောင်​ ဆံပင်​စုတ်​ဖွားနှင့်​ Baku ​ဟာ နန်း​တော်​ကြီး ခန်းနားမှု​အောက်​မှာ သိမ်​ငယ်​စွာ လိုက်​လာတယ်

အချိန်​တိုင်း သူ့ကို ဘာလုပ်​မလို့လဲ ~~ ဘာလုပ်​မလို့လဲ ဆိုတဲ့ အ​တွေး​လေးများနှင့်​ ​ကြောက်​ရွံ့​နေတတ်​​သော သူ

Baku ဟာ တစ်​ခါမှ မဝတ်​ခဲ့ရ​သော ပိုးသားအကျီကို ဆင်​မြန်းထားပြီး နတ်​သုဒ္ဓါလို စား​ကောင်း​သောက်​ဖွယ်​များ စားခဲ့ရတယ်

Baku ဟာ သူ့ကိုယ်​ သူ ​သေဆုံးပြီး ​နောက်​ဘဝ ​ရောက်​​နေသလိုပင်​ ခံစားရတယ်

အစားအ​သောက်​ကိုသာ မက်​​မောခွင့်​ရှိ​သော အ​စေခံဘဝမို့ Baku ဟာ ထို​နေရာမခွာချင်​​တော့​ပေ

နေ့တိုင်း ​နေ့တိုင်း အလုပ်​လုပ်​ပြီး ဒီလိုမျိုးစားချင်​တယ်

Baku ​လေး စား​နေပုံကြည့်​ကာ အိမ်​​တော်​ထိန်းက မခိုတရို့​လေး ရီတယ်

ကြက်​​ပေါင်​တစ်​ဖက်​ ​ဖျော်​ရည်​တစ်​ဖက်​ ပါးစပ်​ထဲမှာလည်း အပြည့်​နှင့်​ ​တောင်​လိုပုံ​နေ​အောင်​ ပြင်​ထား​သော ​စားစရာ​တွေ​ကြားမှာ Baku ဟာ အလွန်​ ချစ်​ဖို့​ကောင်း​သော ပိုးတုံးလုံး​လေးလို ​ပျော်​မြူး​နေတယ်

မျက်​လုံးပြူးပြူး​လေးနှင့်​ အပြစ်​ကင်းစင်​​သော ထိုက​လေးငယ်​ဟာ သူဆီ လွှဲ​ပြောင်းလာမည့်​ ငို​ကြွေးခြင်းနှင့်​ ရှုပ်​​ထွေး​သော နာကျင်​မှုများကို ​တွေးမိမည်​ မထင်

Baku စား​သောက်​ပြီး​နောက်​ အိမ်​​တော်​ထိန်းက Baku ကို ပြန်​​ခေါ်သွားတယ်

×××××

"ဒါဟာ နန်း​တော်​ကြီးလား"

Baku ဟိုကြည့်​ ဒီကြည့်​ လုပ်​ကာ အ​နောက်​က လိုက်​လာတယ်

Baku လှမ်း​မေးလိုက်​တယ်

"ဒါနဲ့---
"Baku ကို ဘာလို့ ဒီလိုမျိုး လုပ်​​ပေး​နေတာလဲ--

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now