part-48

9.4K 1.1K 24
                                    

Jim ဟာ နန်းဝတ်နန်းစားဖြင့် ခန့်ညားစွာ Saishoနဲ့ Xiကို နှုတ်ဆက်စကားပြောနေပါသည်

Seriဟာ Jimလက်မောင်းလေးကို ဖက်ပြီး အနားမှာ ရပ်နေပါတယ်

မြင့်မြတ်သော ကြင်ယာတော်လေး ဖြစ်သွားလို့ Seriဟာ ပျော်နေပုံပါပဲ

သို့သော် Ashoမျက်စိထဲတွင် Seri၏ ခရမ်းရောင် ဝတ်စုံနှင့် အဝါရောင်ဆံပင်တိုလေးများဟာ မလိုက်ဖက်ပါ

ဘယ်လိုပဲ ဖြစ်စေ ဖြစ်စေ--

မည်သည့်အကြောင်းကိစ္စများရှိပါစေ Seriကို သူ့အနားမှာ မြတ်နိုးစွာဖြင့် ရှိစေခဲ့လိုသော်လည်း နိမ့်ကျသည့် လှေကားထစ်၌ မည်သူမှ မနေလိုပါ

အချိန်တန်သောအခါ လူဆိုသည်မှာ အချစ်စစ်ဆိုသည်ထက် အဆင့်တန်းဆိုသည့် အရာကိုသာ နောက်ဆုံးမှာ ဦးစားပေးရွေးချယ်သွားကြတာပါပဲ

×××××

အခန်းတံခါးပွင့်သောအခါ Bakuဟာ အခန်းထဲက ထွက်လာပါသည်

Asho မတ်တပ်ရပ်နေမိသည်

Bakuလေးဟာ နန်းဝတ်နန်းစားလေးများဖြင့် ကောင်းကင်က လစက်ဝန်းလေးလို ထွက်လာပါသည်

အစိမ်းရောင် မျက်လုံးလေးများဟာ ရွှန်းလဲ့နေပြီး မျက်ဝန်းလေးဟာလည်း ကော့ညွတ်နေသော မျက်တောင်လေးများကြောင့် နက်သထက် နက်နေပါသည်

ကျောက်မြတ်ရတနာလေးများနှင့် Bakuဟာ အပြာရောင် သလင်းကျောက်တုံးလေးလို အလွန်လှနေပါသည်

ယခု သူ့ရဲ့ ကြင်ယာတော်လေး အရမ်းလှနေပါသည်

သို့သော် ညှိုးနွမ်းနေသော မျက်ဝန်းလေးတွေကြောင့် အလှတို့ မပြည့်စုံတော့ပါ

အစေခံလေးများဟာ Bakuကို Ashoအရှေ့မှာ ထားပြီးထွက်သွားပါသည်

Asho အရှေ့သို့ တိုးလာသောအခါ Bakuလေးဟာ ငြိမ်နေပါသည်

"Asho~~~"

Baku ဟာ Ashoရဲ့ လက်ဖျံအား လက်ကလေးနှစ်ဖက်ဖြင့် လှမ်းကိုင်သည်

"Baku စောင့်နေမယ်~နော်~~ "
"Baku ကို ပြန်လာခေါ်ပါ~~~"

Asho Bakuလေးကို ရင်ခွင်ထဲမှာ ဆွဲဖက်ထားလိုက်ပါသည်

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now