part-9

10.7K 1K 1
                                    

Seri ငြိမ်သက်စွာ မျက်လုံးမှိတ်ပြီး သူ့အခန်းထဲမှာ သက်တောင့် သက်တာ ထိုင်နေမိတယ်

ရေချိုးပြီးကာစ Seri ရဲ့ ဆံပင်တွေဟာ ဖြူစင်သော သူရဲ့ ဂုတ်သားပေါ်မှာ ဝဲနေတယ်

Seri အပြင်ကို ကြည့်လိုက်တယ်

ကျယ်ပြန့်သော ပြင်ညီကြေးမုံပေါ်က မိုးရေစက်တွေ တစ်ချိန်က Asho ရဲ့ အော်ငိုသံ~~~~

သူမျက်လုံးထဲက ဝေဝေဝါးဝါး နီစွေးနေသော ပုံရိပ်ယောင်--

Seri သူနူတ်ဖျားလေးကို တိုးညင်းစွာ လှုပ်ရှားလိုက်မိတယ်

"Jim~~~~"

Seri သူ့ဝမ်းဗိုက်ပ်ါက အညိုရောင် အမာရွတ် အခြမ်းလေးကို စမ်းရင်း ဖြည်းညင်းစွာ ထလာမိတယ်

သူ့ခေါင်းထဲမှာ ထပ်ပြီး ဝင်လာတာက Asho ကို ဘယ်လိုလုပ်ရမလဲ~~~

Seri အပြင်က ပြင်းထန်စွာ ရွာနေသော မိုးရေတွေကို လှမ်းကြည့်နေမိတယ်

"အချစ် မရှိတဲ့ သူဟာ Defulo မှာ ရှင်သန်ခွင့် မရှိဘူး"

အချစ်ကြောင့် ဖြစ်ပေါ်လာသော မျိုးဆက် ကလေးငယ်ကို သန့်စင်စွာ ချန်လှပ်ပေးနိုင်ခြင်း မရှိရင် Asho ဟာ မျိုးရိုး စာရင်းထဲက အထုတ်ခံရလိမ့်မယ်

ထိုသို့ မဟုတ်ရင် မျိုးရိုး မြင့်မြတ်သူတွေဟာ သူ့တို့ရဲ့ စည်းစိမ်ကို ထိန်းသိမ်းပေးမယ့် မျိုးဆက်သစ်ကို ဖန်တီးပေးဖို့ထားလိုတယ်

ခက်တာက Asho မှာ အချစ်က ရှိပါတော့မလား!!
အချစ်မရှိရင် မျိုးဆက်သစ် ဖြစ်လာမှာ မဟုတ်ဘူး

မိုးရေစက်တို့နှင့် ဆောင်းရာသီတို့၏ နွေဦးရာသီ

တစ်ရက်တည်းမှာ ဥတုသုံးမျိုးရှိတဲ့ Defulo ---

ပြီးတော့ လောကနိဗ္ဗာန်ဘုံနှင့် အချိန်တိုင်း ကွာဟနေသူ တစ်ယောက်
Asho----

"တောက် တောက် တောက် တောက်~~~"

လှပသော ဖန်ခရားခွက်လေးထဲ ခုန်ဆင်းသွားသော အကြမ်းရေတို့~~

ပူလောင်သော ရေခိုးရေငွေ့တို့နှင့်အတူ လက်ဖက်နံ့လေးက အခန်းတစ်ဝိုက် သင်းပျံ့လာတယ်

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားTahanan ng mga kuwento. Tumuklas ngayon