part-16

9.9K 990 10
                                    


Seri ဝတ်ရုံခြုံကာ မြင်းနဲ့ Baku ရှိရာကို ထိုးလိုက် သွားတယ်

အိမ်တော်ဟာ လူတစ်ချို့လည်း ရေစိုခံသော အနက်ရောင် အကာအကွယ် တစ်ခုကို ခြုံကာ မြင်းကိုယ်စီနဲ့ Baku ကို ရှာဖို့ ပြေးထွက်သွားကြတယ်

"အခု ချက်ချင်း တွေ့အောင် ပြန်ရှာ"

Seisho Baku ထွက်ပြေး သွားလို့ ပြာယာခတ်နေမိတယ်

Xi နှင့်​Seisho အိမ်တော်ကနေ မြင်းနဲ့ ပြေးထွက်​လာတယ်

"တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ~~"

"ဘာမှ မဖြစ်လောက်ပါဘူး"
"ပြန်တွေ့မှာပါ"

"Asho က အရမ်းဆိုးတာပဲ"
"ကလေးကို----!!!!"

"ဒီကောင်ကို ဘယ်လိုလုပ်ရမလဲ မသိဘူး"

အေးစက်နေသော ဆောင်းလေဟာ ညနေ​ရောင်ခြည်အောက်က ရာသီအကူးအပြောင်းမှာ ပိုပြီး အေးခဲလာတယ်

အချိန် မကြာခင် နှင်းခဲတွေ အရည်ပျော်ပြီး အေးစက်နေသော ရေစက်ပေါက်တွေ အဖြစ် ကျဆင်းလာတော့မည်

ထိုအချိန် ကာလလေးဟာ အလွန်အေးသော ရေခဲ​ငွေ့မိုး​ရေဟာ အလွန်​နက်​ရှိုင်း​သော​ရေခဲ ပင်လယ်​တွင်း နစ်မြှပ်သွားသလို အေးခဲသွားစေနိုင်တယ်

ဆောင်းရာသီ နှင်းဖက်လေး အဖြစ် အဝတ်စပေါ် တင်ကျန်နေမှာလည်း မဟုတ်သလို ပုံမှန်မိုးစက်လို သာမန်​အေးခြင်းလည်းမဟုတ်​

နှင်း၏ အ​အေးနဲ့ ရေစက်​တို့​ပေါင်းစပ်​ကာစ အသည်းခိုက်​စေ​သော ရေစက်တွေဟာ တစ်ကိုယ်လုံး ဝါးမျိုသလို စိမ့်ဝင်သွားလိမ့်မည်​

Seri အချိန်မှီ Baku အနောက်ကို ပြေးလိုက်​နေမိတယ်

အချိန်တွေ အကြာကြီး အဝေးမှာ မောပန်းစွာ ရှာဖွေပြီးနောက် Baku သူပြန်တွေ့ခဲ့တာဟာ jim အိမ်​တော်ရဲ့ မနီးမဝေးလေးမှာပါ

Baku ဟာ​နေစရာမရှိလို့ Jim ဆီပြန်​ပြေးသွားခဲ့သည်​ထင်​သည်​

အခု အချိန်ဟာ မှောင်​ရီပျိုးရင်း တိမ်ထူလာပြီ

Baku ကို​တွေ့ချိန်​မှာ Seri နှလုံးသွေးတို့ ရပ်တန့်သွားမိတယ်

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now