part-29

10.2K 1.1K 33
                                    

"သခင်လေး ထိုင်ပါ~~"

Moshi ဟာ Asho အနောက်က လိုက်လာပြီး အနားမှာ မတ်တပ်လေး ရပ်နေတယ်

Asho ဟာ Baku ကြောက်သော အမွှေးနီများရှိရာ အခန်းဆီကို တစ်ယောက်တည်း ပြန်ရောက်လာတယ်

Seishoနဲ့ Xiဟာ ASho ကိုစောင့်နေတယ်

Asho ဟာ လွန်စွာ ဇိမ်ရှိသော သူတို့ရှေ့က ခုံကြီးပေါ်မှာ ထိုင်လိုက်တယ်

Seisho မေးလိုက်တယ်

"Baku လေး ငိုနေတယ်ဆို~~"

"inm~~ သူက အမွှေးနီတွေကို ကြောက်လို့ ထင်တယ်"

Moshi ဝင်ပြောလိုက်တယ်

"သူက အမွှေးနီကို ကြောက်လို့ မဟုတ်လောက်ဘူး သခင်ကြီး~~"

"သူ့လက်ဖဝါး ခြေဖဝါးလေးတွေက ဒီအမွှေးနဲ့ ထိရင် ယားလို့ဖြစ်မယ်"

Seisho Moshi ကို ပြန်ကြည့်လိုက်တယ်

"ဘာဖြစ်လို့လဲ"

"သူက အာရုံခံ အရမ်းကောင်းလွန်းတဲ့ အသားအရေနဲ့ ကလေးဆိုတော့ အမွှေးနုနုလေးတွေက သူ့ခြေဖဝါးလေးကို ယားကျိ ယားကျိ ဖြစ်စေမှာပေါ့"

"Aww~~ ဒီလိုလား"

ထပ်ပြီး Seisho က Asho ကို ပြောလိုက်တယ်

"ဒါနဲ့ ကလေးကို ပန်းလက်ဆောင်ပေးဖို့ဆိုပြီး မင်း ခုနှစ်စင်ကြယ်  ချယ်ရီပန်းပင်ကြီးကို ရုံးတော်က နှုတ်လာတာ ဘုရင်သိသွားပြီ!!"

Asho ဟာ အရောင် ခုနှစ်မျိုးပန်းပင် Baku အတွက် နှုတ်လာတဲ့ကိစ္စ အစချီလိုက်တာနဲ့ မသိချင်ယောင်ဆောင်သွားတယ်

ထို့နောက် ဆံပင်ရေစို ,အကျီဟပြဲနဲ့ ခုံပေါ်ကို ခြေထောက် တစ်ချောင်းတင်ပြီး မျက်နှာတစ်ဖက်လှည့်ကာ ဖြစ်သလိုထိုင်နေတယ်

ဖြစ်ချင်ရာ ဖြစ် ဘုရင်လည်း ဂရုမစိုက်ဘူးဆိုတဲ့ ပုံစံမျိုး--

Seisho ဟာ စိတ်ပျက် လက်ပျက်နဲ့ Asho ကို ကြည့်နေတယ်

Asho ကို သူတကယ် မနိုင်ဘူး
Asho ငယ်ငယ်ကတည်းက တကယ်ထိန်းလို့ မနိုင်ခဲ့ပါ

အခုထိလည်း ပြောမကောင်း ဆိုမကောင်း လေးပါ

သူတို့ Defulo မှာ ပန်းလေးတွေဟာ ကြင်ယာတော် အဖော်လေးတွေကို ကိုယ်စားပြုပါတယ်

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now