part-75

8.9K 996 32
                                    


အချိန်​မဆိုင်းပင်​နေမထွက်​ခင်​Sia Maku အိမ်​သို့​ရောက်​လာသည်​

Maku ဟာ​ကောင်းမွန်​စွာ ဧည့်​ခံပါသည်​

Siaဟာ Maku ငှဲ့​ပေး​သော​ရေ​နွေးကြမ်း​လေးကို နှစ်​ခြိုက်​စွာ သုံး​ဆောင်​ရင်း ပြုံးပြသည်​

​အေးမြ​သော စကားကို သီဆိုသည်​

"ကျွန်​တော်​က Siaပါ~~"
"ကျွန်​တော့်​သူငယ်​ချင်း ဒီမှာ​ရောက်​နေတယ်​ထင်​လို့ လာ​ခေါ်တာပါ"

"ဟုတ်​ကဲ့~~"
"သူ အခုထိ မနိုး​သေးပါဘူး"
"ကျွန်​တော်​သား​လေးပြုစု​ပေး​နေပါတယ်​"

"ဟုတ်​လား~~
"​ကျေးဇူးတင်​ပါတယ်​~~"
"သူ အခုထိ မနိုး​သေးဘူးလား~~"

"ဟုတ်​ကဲ့"

Aita မနိုး​သေးတာကို Sia ပိုသ​ဘောကျပါသည်​

"ဒါနဲ့ ဒီမှာ Moon​လေးဆိုတဲ့ သန့်​စင်​တဲ့ အ​စေခံ ရှိတယ်​ထင်​တယ်​"
"ကျွန်​တော်​လိုချင်​တာမို့ နန်းတွင်းကို​ရောင်းလိုက်​ပါလား~~"

"Ar~~!!"
"​ရောင်းလို့မရဘူး~~"

Maku​ခေါင်း​လေး ဆက်​ဆက်​ခါလိုက်​သည်​

"ဘာလို့လဲ~~"
"ကျွန်​တော်​ကြိုက်​ဈေး​ပေးပါ့မယ်​"

"ဟိုဟာ--
"Moon​လေးက အ​စေခံ-- မဟုတ်​ပါဘူး"

"anm~~"

"Moon​လေးက အခု Siaသူငယ်​ချင်းAitaကို ပြုစု​ပေး​နေတဲ့ ကျွန်​တော့သား​လေးပါ"

Sia လက်​ထဲမှာ​ရေ​နွေးခွက်​ဟာ ဆက်​ခနဲ ပြုတ်​ကျသွားခဲ့သည်​

"On!"
"ပူသွားပြီလား Sia~~"

Sia ပြန်​ရယ်​ပြလိုက်​သည်​

"Ar~~ ရပါတယ်​"

Sia စိုးရိမ်​သွားမိပါသည်​
Moon​လေးကို သူ့လက်​ထဲမရလို့ မဖြစ်​ပါ

Sia Aitaကို လက်​ထပ်​ချင်​ပါသည်​
Sia Aitaမရှိရင်​မ​နေနိုင်​ပါ

အထီးကျန်​ပါသည်​

Sia လက်​များဟာ စိုးရိမ်​စိတ်​များ​ကြောင့်​တုန်​ယင်​နေပါသည်​

အ​စေခံမဟုတ်​ရင်​Sia ဝယ်​ယူ၍ မရ​တေ့ာပါ

Aitaဟာ Moon​လေး ရှိ​နေလျှင်​သူ့အား လက်​ထပ်​မည်​မဟုတ်​ပါ

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now