part-49

9.1K 1K 13
                                    

Sim ဈေးထဲလျှောက်ပတ်နေပါသည်

ပုခုံးတစ်ဖက် လုပ်သားအချောအလှလေးများ နေ့ဘက်မှာ လိုအပ်သည့်အရာများ ဝယ်ခြမ်းရန် အပြင်ထွက်ကြသည်မို့ ပန်းလေးများစွာကို တွေ့ရပါသည်

စံအိမ်အမျိုးမျိုးရှိပြီး စံအိမ်များမှ လိင်လုပ်သားများ၏ အမှတ်တံဆိပ်များ မတူညီကြပါ

ထိုအမှတ်အသားလေးများကို ဖော်ပြထားသော ပုခုံး၏ နေရာအမျိုမျိုး၌ ကွဲပြားစွာ တွေ့နိုင်သည်

ထိုနေရာမျိုး၌ Simဟာ ကျွမ်းကျင်ပါသည်
အမှတ်တံဆိပ်မြင်သည်နှင့် မည်သည့်စံအိမ်ဟူ၍ ထောင်ပေါင်းများစွာသော စံအိမ်များကို အတိအကျ တန်းပြောနိုင်သည်

Sim ရုတ်တရက် အလွန်လှသော လိင်လုပ်သားလေးကို တွေ့လိုက်ပါသည်

ထိုလုပ်သားလေးသည် ခပ်ညှို့ညှို့ မျက်နှာပေးတို့ရှိပြီး ပန်းဆိုင်ထဲမှာ အဖော်များနှင့် ပန်းဝယ်နေပါသည်

Sim ပြုံးလိုက်မိရင် တံခါးဖွင့်ကာ ဆိုင်ထဲသို့ဝင်သွားလိုက်သည်

ယပ်တောင်လေး ဖြန့်ရင်း အနားမှာရပ်ပြီး ညင်သာစွာ ယပ်ခတ်လိုက်ပါသည်

မိမိ၏ ကိုယ်သင်းနံ့ကို အာရုံရသွားသလိုမျိုး Simကို မျက်လုံးဝိုင်းလေးများဖြင့် လှည့်ပြီးမော့ကြည့်ပါသည်

Sim ပြန်ပြုံးပြလိုက်တယ်

"ငါ့ကို မှတ်မိလား~~~"

Kukuဟာ အနီရောင်ပန်းလေးများကိုင်ပြီး Simကိုကြောင်တောင်လေး ကြည့်နေပါသည်

"မင်းတောင် လိင်လုပ်သား လုပ်နေပြီလား~~"

Sim ဟာ ပန်းစည်းလေးအား ကိုင်ထားသည့် နုဖတ်ပျိုငယ်လှသော Kuku၏ လက်ချောင်းလေးများမှ စိန်လက်စွပ်လေးအားကြည့်သည်

"Kukuက အလုပ်သင်ပါ.. အရက်ဝိုင်းမှာပဲ ထိုင်ရသေးတာ... ကုတင်ပေါ်မတက်ရသေးဘူး... လူကြီးမင်းလာလည်ရင် ကောင်းကောင်းအရက်ငှဲ့ပေးမယ်... မုန့်ဖိုးပေး"

ထို့နောက် ရင်ပြင်မှ အနီရောင် အမှတ်အသားလေးအား ကြည့်ရင်း ရယ်သည်

စက်ဝိုင်းလေးထဲက အနီရောင် စြင်္ကာလေးပါ---

Seriပြုံးလိုက်မိတယ်

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now