part-41

9.6K 942 23
                                    

Sim ဥယျာဉ်ထဲ လမ်းလျှောက်နေရင်း Seri ကို မြင်လိုက်ရတယ်

"inm~~"

ကျောက်ကုန်းတံတား ရေပန်းငယ်လေးများ ရေကန် ရေအိုင်များ တောတောင်ကြီးတစ်ခုလို ဖန်တီးထားသော ရေတံခွန်ငယ်လေးများနှင့် လှပသော ထိုဥယျာဉ်ကြီးထဲမှာ တောင်ကောင်တွေတောင် ရှိပါတယ်

ထို့အတူ အလွန်လှသော အဝါရောင်ဆံပင်များနှင့် တောကောင်လေးလည်း ရှိသည်

Seri ဟာ ပန်းနုရောင် ဝတ်စုံလေး ဝတ်ထားပြီး ပုခုံးတစ်ဖက်လျောထားပါသည်

ထိုလျောချထားသော နေရာနှင့် ထိစပ်နေသော လည်တိုင်လေးများဟာ ထိချင် ကိုင်ချင် သွားရည်ကျချင်စရာလေးပါ

သို့သော် Sim သူ့ကိုမထိရဲပါ

သူ့ကိုထိရင် သူ့အစ်ကိုလက်ချက်နဲ့ အစပါကျန်မှာ မဟုတ်မှန်းသိပါတယ်

Jim ဟာ Seri ကို သူ့ကြင်ယာတော်လေးလို သဘောထားကာ မြတ်နိုးစွာထားသည်

နန်းတွင်းရှိမည်သူမှ Seri ကို လိင်လုပ်သားဟု သဘောမထားရဲပါ

Jim ရဲ့ ကြင်ယာတော်လေးလို အဝေးကွင်းကာ ကောင်းကောင်း ဆက်ဆံကြပါသည်~~ Sim က လွဲရင်ပေါ့----

Seri ဟာ အခုချိန်မှာတော့ Jim ကို လုပ်ကျွေးပြုစုရသော တော်ဝင် လိင်လုပ်သားလေးပါ

ချစ်စရာတောကောင်လေးလို ပန်းဥယျာဉ်ထဲက Seri ကို နန်းဆောင်ပေါ်ကနေလည်း တစ်ခါတစ်လေ အလှကြည့်နေလေ့ရှိသည်

ထို့ကြောင့် Sim သူ့အစ်ကို လှမ်းကြည့်နေမလားဆိုတဲ့ အကြည့်နဲ့ ရှာလိုက်တယ်

ရော်~~~~ တွေ့ပါပြီ---

Jim ဟာ ဥယျာဉ်အလယ်၌ရှိသော အပန်းဖြေ နန်းဆောင်ကြီးပေါ်ကနေ ရေနွေးခွက်လေးနဲ့ သူ့ရဲ့ လိင်လုပ်သားမဟုတ် ကြင်ယာမဟုတ်တဲ့ သတ္တဝါလေးကို လှမ်းကြည့်နေတယ်

ဘာပဲဖြစ်ဖြစ် လိင်လုပ်သားဆိုသည်မှာ Defulo မှာ တိရစ္ဆာန်နဲ့ အဆင့်အတန်း အတူတူပါပဲ

Seri ဟာ ပန်းခြံထဲကစိုက်ပျိုးထားသော ပန်းသီးပင်က ခူးလာတဲ့ ပန်းသီးလေးကို ရေစပ်မှာ ငုတ်တုတ်လေး ထိုင်ဆေးနေတယ်

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now