part-6

12K 1.1K 2
                                    


"Baku!!"

အသံကြားတော့ Baku ကောက်ရိုးပုံပေါ် အိပ်နေရာက မျက်လုံးဖွင့်ကြည့်လိုက်တယ်... အလင်းစက် အနည်းငယ်နဲ့ မှောင်မဲစိုစွတ်နေသော ပတ်ဝန်းကျင်... ပြီးတော့ သူ့ ခြေထောက်နားက အဖြူရောင် ပေါက်စီလေးတွေ ထည့်ထားသော ခြင်းလေးတစ်လုံးကို မြင်ရသည်... အငွေ့လေးတွေ တစ်ထောင်းထောင်းနဲ့ ပေါက်စီ၃လုံးက ကောင်းကင်ကျလာတဲ့ ရတနာထုပ်လို လင်းလက်လို့နေ၏

Baku လှမ်းကြည့်လိုက်တော့ တစ်ဖက်သံတိုင်တွေ အပြင်ကနေ ဆံပင်စုတ်ဖွားလေးနဲ့ သွားလေးဖြီးကာ ရယ်ပြနေသူလေး တစ်ဦးကိုမြင်ရ၏... ဝိုင်းစက်ပြီး အလွန်ကျယ်ဝန်းသော မျက်လုံးပြူးပြူးနဲ့ သူ့လိုပဲ ခပ်သေးသေး လူကောင်လေးပါ

"Moni"(မိုနီ)

Baku ဖြည်းညင်းစွာ ထထိုင်ပြီး အနားကပ်လာတယ်.. Moniက ပေါက်စီခြင်းလေးကို အရှေ့တိုးပေး၏

"စား Baku.. အပေါ်မှာ အရေးကြီးနေလို့ ငါသွားပြီ"

Moniဟာ သူ့ကိုယ်ပေါ် အနက်ရောင် ခေါင်းစွပ်ပြန်အုပ်ပြီး အမှောင်ထဲ ပြန်ပြေးဝင်သွားတယ်... Baku သံတိုင်အနားလေးတိုးကာ Moni ကျောပြင်လေးကို လှမ်းကြည့်နေမိတယ်... Moni က အမှောင်ထဲပြေးရင်း အဝေးက လှေကားတွေ ပေါ်ရောက်တော့ သူ့ကို လက်လေးလှမ်းပြတယ်

နောက်တော့ Moni ပျောက်ကွယ်သွားတယ်

Baku သူ့ခြေထောက်ရဲ့ သံကွင်းနားက အဖြူရောင် ပေါက်စီခြင်းလေးကို လှည့်ကြည့်လိုက်တယ်

"မွှေးလိုက်တာ"

Baku အနားလေးတိုးလာမိရင် ယူပြီးကိုက်စားလိုက်တယ်

ချိုပြီး အိစက်နေတာပဲ!!

Baku ငုတ်တုတ်လေးထိုင်ပြီး သံကြိုးတွေကြားမှာ ဗိုက်ဆာဆာနဲ့ စားနေမိတယ်

ရုတ်တရက် သူ့ကိုယ်ပေါ်ကို လူရိပ်ကျလာခဲ့တယ်... Baku မော့ကြည့်လိုက်မိတယ်

သူ့ကို ပြုံးပြနေသော မကောင်းဆိုးဝါးလိုမျိုး ခပ်ချောချော လူတစ်ယောက်ကို မြင်ရသည်... အနက်ရောင် ဝတ်ရုံရှည်ကြီးကို မျက်နှာအုပ်တဲ့ အထိခြုံထားပြီး မီးအိမ်လေးကိုင်ထားတယ်

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားDär berättelser lever. Upptäck nu